မန်လုံမြို့မှာ "အိမ်ထောင်ရေးပျက်ပြားစေသူ" လို့ နာမည်ကျော်ပြီး ယောက်ျားတိုင်းက ကြောက်ရွံ့ကြတဲ့ "Black Peony" လေး ကျန်းနျန်နျန်တစ်ယောက် ယဲ့လန်နဲ့ လက်ထပ်လိုက်ပါတယ်။တကယ်တော့ ကျန်းနျန်နျန်ရဲ့အစီအစဉ်က တင်တောင်းငွေအများကြီးကိုလိမ်ယူပြီး ထွက်ပြေးဖို့ပါပဲ။ဒါပေမဲ့ မထင်မှတ်ထားတဲ့အလွဲအချော်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ ဒီအိမ်ထောင်ရေးရဲ့နောက်ကွယ်မှာ သူမသိသေးတဲ့လျှို့ဝှက်ချက်တွေ အများကြီးရှိနေမှန်း ရိပ်မိသွားပါတယ်။အဲတော့ သူ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် ယဲ့လန်နဲ့ အကြိတ်အနယ် အကွက်ချတိုက်ခိုက်ရင်းနဲ့မှ ကျန်းနျန်နျန်တစ်ယောက် မရုန်းထွက်နိုင်တဲ့သံယောဇဉ်တွင်းထဲကိုတဖြည်းဖြည်းနစ်ဝင်သွားခဲ့ပါတော့တယ်။ဒီစီးရီးလေးက တစ်ယောက်ကိုတစ်ယောက် အကွက်ချတိုက်ခိုက်ရင်းကနေမှ တဖြည်းဖြည်း အချစ်စိတ်ဝင်လာကြတာကို ဇာတ်အိမ်တည်ရိုက်ကူးထားတာမို့ စိတ်လှုပ်ရှားစရာကောင်းပြီးကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်မှာ ကျိန်းသေပါပဲနော်။