စီးပွါးရေးဆန်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေများတဲ့ အိုင်ဒေါလောကမှာ စိတ်ခံစားချက်တွေကို တမင်ဖန်တီးပြီးတော့ brand တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရောင်းချခံရတတ်ပါတယ် ..ဒီဇာတ်ကားလေးထဲမှာတော့ K-pop girl group စနစ်အတွင်းက အာဏာအဆင့်အတန်း မတူညီတဲ့ မိန်းကလေးတွေရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားပါတယ် ..တင်းကျပ်တဲ့ စာချုပ်တွေ ၊ လူထုရဲ့ ပြင်းထန်တဲ့ စောင့်ကြည့်ဝေဖန်မှုတွေကြားမှာ သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကို မြှုပ်နှံထားကြရပါတယ် .. အချစ်စစ်နဲ့ အောင်မြင်မှု၊ ပတ်ဝန်းကျင်ရဲ့ အဆုံးအဖြတ်နဲ့ ကိုယ့်နှလုံးသားရဲ့ တောင်းဆိုမှု... ဒီထဲမှာ သူတို့ ဘယ်အရာကို ရွေးချယ်ကြမလဲ ..အရာရာကို စနစ်တကျ ပုံဖော်ထိန်းချုပ်ထားတဲ့ ဒီလောကကြီးထဲမှာ "စစ်မှန်တဲ့အချစ်" ဆိုတာ တကယ်ပဲ ရှင်သန်ခွင့်ရှိရဲ့လားဆိုတာကိုတော့ ဒီကားလေးထဲမှာပဲကြည့်ရှုခံစားကြည့်လိုက်ပါဦးနော် ..