The Wire FHD

The Wire

Crime Drama FHD 2002-06-02 8.6

Baltimore မြို့မှာကြီးစိုးနေတဲ့လူတစ်ခုရှိတယ်။အဲဒါကတော့ ရဲတွေမဟုတ်ပဲ West Coast က ဆေးရောင်းတဲ့လူမည်းတွေဖြစ်ပါတယ်။ ဒီလူမည်းတွေက တရားရုံးတက်လည်းနိုင်တယ်။ လူသတ်လည်းလွတ်တယ်။ သူတို့က တရားရုံးကို ခါးပိုက်ထဲမထည့်ထားဘူး။ရဲတွေကိုလည်း လာဘ်မထိုးဘူး။ သူတို့က လမ်းပေါ်ကလူတွေအကုန်လုံးကိုလက်ခုပ်ထဲကရေလုပ်ထားတယ်။ အသတ်ခံရတော့လမ်းပေါ်ကလူ၊သက်သေထွက်တာလည်း လမ်းပေါ်ကလူ၊ ဒါပေမဲ့ အဲဒီလမ်းပေါ်ကလူတွေကိုကြီးစိုးနေတာက ဒီလူမည်းတွေ။ ဆိုတော့ လူသတ်မှု ၁၀ မှုမှာ ၉ မှုလောက်ကတရားစွဲလို့တောင်မရဘူး။ စွဲလို့ရတဲ့ ၁ မှုကျပြန်တော့လည်း ကွင်းလုံးကျွတ်လွတ်သွားပြန်တယ်။ ဆိုတော့ သူတို့ကိုသွားထိလို့လည်းမရပြန်ဘူး။ သိနေပေမဲ့ သက်သေကမရှိဘူး။ဒီလိုနဲ့ သူတို့ကို အမြစ်ဖြတ်ဖို့ ဆာဂျင်ဒယ်နီယဲလ်ရဲ့လက်ထဲကိုတာဝန်တစ်ခုကရောက်လာတယ်။ ဆာဂျင်က ဌာနပေါင်းစုံက အကောင်းဆုံးလူတွေကိုတောင်းခံခဲ့တယ်။ ဒါပေမဲ့လည်း သိတဲ့အတိုင်း ဒီလိုတောင်းခံလိုက်ရင်ဌာနပေါင်းစုံကလည်း ငကြောင်တွေ၊ ဂကြောင်တွေ ဌာနတွင်းသုံးစားမရဘူးလို့ထင်တဲ့လူတွေအကုန်လုံးကို ထိုးထည့်တော့တာ။ အဲဒီထဲမှာ စုံထောက် မက်နယ်လ်တီလည်းပါတယ်။ ဒီလိုနဲ့ ဆာဂျင်ခေါင်းဆောင်တဲ့ အထူးဂကြောင်တပ်ဖွဲ့ကြီးဟာWest Coast ရဲ့အကြီးမားဆုံး ဆေးဂိုဏ်းကိုဖြုတ်ချဖို့ကြိုးစားကြပါတော့တယ်။ တစ်နေရာမှာ ပြဿနာရှာတတ်၊ ဌာနမှာ တိုင်ပတ်နေတဲ့လူတွေကလည်းတစ်နေရာရာမှာ အရမ်းကိုထူးချွန်သွားတတ်ပါတယ်။ ဘာတွေဆက်ဖြစ်မှာလဲကိုခံစားကြည့်လိုက်ကြပါ။မက်နယ်လ်တီ အဖြစ် မင်းသား Dominic Westဆာဂျင်အဖြစ် မင်းသား Lance Reddickစထရင်ဂါဘဲလ်အဖြစ် မင်းသား Idris Elbaဝေါလေ့စ်အဖြစ် မင်းသား Michael B. Jordan အပြင် မျက်နှာသိတွေတော်တော်ပါတဲ့ ရုပ်သံဇာတ်လမ်းတွဲမလို့ Sit back, relax, and enjoy! ပါခင်ဗျာ။