(Ongoing Series)Liu Shao က ဘဝကိုအပူအပင်ကင်းကင်းဖြတ်သန်းနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာသူမဟာ ထူးဆန်းပြီးလျှိဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး သူမရဲ့အနာဂတ်ကို သုံးရက်တာပျော်ရွှင်မှုနဲ့လဲလှယ်ခဲ့ပါတယ်။ ထိုသူဟာ လျှိဝှက်တဲ့နတ်ဘုရား Lu Li ဖြစ်ပြီး သူမဟာ ထိုသူနဲ့ပတ်သက်မိရာကနေ နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ အရှုပ်အထွေးတိုက်ပွဲတွေကြားကို ကျရောက်သွားခဲ့ရပါတယ်။ သူမဟာ အခက်အခဲမျိုးစုံကို ကြုံတွေ့ဖြတ်သန်းရပါတော့တယ်။ ဒီလိုနဲ့ Liu Shao နဲ့ နတ်ဘုရား Lu Li ကြားသံယောဇဥ်တွေရစ်ပတ်ပြီး အချစ်တစ်ခုပေါက်ဖွားလာတဲ့အခါ…