In Love with Loving You 沉靡 FHD

In Love with Loving You 沉靡

Drama FHD 2026-03-24 8.3

ဘဝရဲ့အဆိုးရွားဆုံးအခြေအနေကို ရောက်နေတဲ့အချိန်မှာ စုန့်ကျောက်လီဟာ မိသားစုသောကတွေကြားမှာရုန်းကန်နေရတဲ့ ကျီရွှမ်းနဲ့ ဆုံတွေ့ခဲ့ပြီး ကျီရွှမ်းရဲ့ပညာရေးအတွက် တိတ်တဆိတ်ထောက်ပံ့ပေးခဲ့ပါတယ်။ နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ဆုံတွေ့မှုတစ်ခုကတစ်ဆင့် ကျီရွှမ်းဟာ သူ့ဘဝထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။စုန့်ကျောက်လီဟာ အခက်အခဲများစွာကိုကျော်ဖြတ်ပြီး အာဏာရှိတဲ့နေရာတစ်ခုကို တက်လှမ်းလာနိုင်တဲ့အချိန်မှာ သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦးဆွဲလိုက်တွန်းလိုက်နဲ့အချေအတင်ဖြစ်ရတဲ့ပတ်သက်မှုတစ်ခုထဲကို ရောက်ရှိသွားကြပါတယ်။ အမြဲတမ်းလိုလို အချေအတင်ဖြစ်ပွားရာကနေ တဖြည်းဖြည်းနားလည်မှုတွေ တည်ဆောက်လာကြရင်းတစ်ဦးအပေါ်တစ်ဦးလေးစားတတ်လာကြပြီး နောက်ဆုံးမှာတော့ အချစ်စွမ်းအားနဲ့ အချင်းချင်းရဲ့စိတ်ဒဏ်ရာတွေကို အကောင်းဆုံးကုစားပေးနိုင်ခဲ့ကြပါတယ်။တည်ငြိမ်အေးစက်တယ်လို့ထင်ရပေမဲ့ အချစ်နဲ့ထိတွေ့ချိန်မှာ အရည်ပျော်ကျလာတဲ့စုန့်ကျောက်လီနဲ့ တိတ်တခိုးပံ့ပိုးပေးခဲ့သူကို အမြဲသိချင်နေခဲ့တဲ့ကျီရွှမ်းတို့ကြား အချစ်မီးပွားလေးတွေဘယ်လိုတောက်လောင်ဖြာထွက်လာမလဲဆိုတာကို အသဲတယားယားကြည့်ရှုရမှာမို့ ပြင်းပြင်းပြပြအချစ်ဇာတ်လမ်းကိုမှ ကြိုက်တတ်ရင်တော့ ဒီစီးရီးလေးက ကြည့်ဖို့အသင့်တော်ဆုံးပါပဲ။