၉၀ ခုနှစ်နှောင်းပိုင်းလောက်ကပေါ့၊ ဖုန်းယန်လို့ခေါ်တဲ့ သတ္တုတွင်းမြို့လေးတစ်မြို့မှာ ဘယ်သူမှန်းမသိတဲ့အမျိုးသမီးအလောင်းတစ်ခု တွေ့လိုက်ရလို့ တစ်မြို့လုံး တုန်လှုပ်ကုန်ကြပါတယ်။ဒီအမှုကိုစုံစမ်းဖို့တာဝန်ယူရတဲ့ ရဲအရာရှိ ချန်ဟုန်ပင်းက သေဆုံးသူရဲ့လည်ပင်းမှာကပ်နေတဲ့ ဖန်ကွဲစလေးတွေကိုသေချာကြည့်ရင်း ထူးခြားတာတစ်ခု သတိထားမိသွားခဲ့ပါတယ်။အဲဒီဖန်စတွေဟာ အစိုးရက ပိတ်ပင်ထားတဲ့မူးယစ်ဆေးပုလင်းရဲ့အစအနတွေ ဖြစ်နေတာပါပဲ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ မြို့ထဲမှာ တစ်စုံတစ်ယောက်က အဲဒီတရားမဝင်ဆေးကိုသုံးနေမှန်းသူ ထပ်သိလိုက်ရပြန်ပါတယ်။ဒါကြောင့် အမှန်တရားကိုဖော်ထုတ်ဖို့နဲ့ အဲဒီမူးယစ်ဆေးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ချန်ဟုန်ပင်းနဲ့သူ့အဖွဲ့သားတွေ အပတ်တကုတ်ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ဒီအရှုပ်ထုပ်တွေအားလုံးရဲ့နောက်ကွယ်မှာ ကြိုးကိုင်နေသူဟာ သူနဲ့အရင်းနှီးဆုံး၊ အနီးကပ်ဆုံးလူဖြစ်နေမယ်လို့ သူ လုံးဝမထင်ထားခဲ့ပါဘူး။ တာဝန်နဲ့မိသားစုကြား၊ဥပဒေနဲ့လူသားဆန်မှုကြားမှာ ဗျာများနေရတဲ့ ချန်ဟုန်ပင်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? အကောင်းနဲ့ အဆိုးကြားမှာ ဘယ်လမ်းကို ရွေးမလဲဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာမို့ နှစ်သစ်မှာ အမှုသစ်တွေအတွက် ဦးနှောက်တူးရင်း စီးမြောခံစားလိုက်ပါအုံး ချစ်ပရိတ်သတ်တို့ရေ။