Rebirth 冰湖重生 FHD

Rebirth 冰湖重生

Drama FHD 2026-04-08 9

အစေခံမလေး ချူချောင်ကို ယန်ပေနယ်ရဲ့အမွေဆက်ခံသူ ယန်ရွှမ်းက ဘေးဒုက္ခတွေကြားကနေ ကယ်တင်ခဲ့ပါတယ်။ ယန်ရွှမ်းက ချူချောင်ရဲ့အသက်သခင်‌ကျေးဇူးရှင်ဖြစ်သလို နှစ်ဦးကြားမှာခိုင်မြဲလှတဲ့သံယောဇဉ်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါ‌တော့တယ်။ ဒါပေမဲ့ အာဏာမက်မောမှုတွေကြောင့် ပဋိပက္ခတွေဖြစ်လာပြီး ယုံကြည်မှုကိုသစ္စာဖောက်ခံလိုက်ရတဲ့အခါ ချူချောင်ဟာအာဏာလုပွဲတွေနဲ့ တရားမျှတမှုတိုက်ပွဲတွေကြားမှာ မရှုမလှပိတ်မိသွားခဲ့ရှာပါတယ်။ ဒီလိုမငြိမ်မသက်မှုတွေနဲ့ ကိုယ်ကျိုးစွန့်လွှတ်မှုတွေကြားမှာ သူဟာ ပြည်သူတွေနဲ့ဇာတိမြေကို ကာကွယ်ဖို့"မျှော်လင့်ချက်ပြယုဂ်" တစ်ခုအဖြစ် ထွက်ပေါ်လာကာအစွမ်းကုန်တိုက်ပွဲဝင်ခဲ့ပါတော့တယ်။ဒီစီးရီးမှာ တိုင်းရေးပြည်ရာကြားက ခက်ခဲစွာလန်းဖြာလာမဲ့ချစ်ခရီးလမ်းကိုပါ မြင်တွေ့ရမှာဖြစ်ပြီး ဘဝခါးခါးကြား ချိုမြမြအချစ်တွေကြောင့် ကြည့်ရှုသူကို ဖြိုင်ဖြိုင်မိုးစေမှာ ကျိန်းသေပဲမို့တစ်ရှူးလေးဆောင်ရင်း ကြည့်ကြပါဗျို့။