Shrinking FHD

Shrinking

Comedy Drama FHD 2023-01-26 7.818

ဂျင်မီဆိုတဲ့လူက စိတ်ကုထုံးပညာရှင်တစ်​ယောက်ပါ။ ကုထုံးဆရာဆိုတာ မှန်​ပေမယ့် အ​ပေါ်မှာ​ပြောခဲ့သလိုပဲ။ လူနာ​တွေရဲ့ မပဋာ​မြေလူးတာထက်ဆိုးတဲ့ ​အပူ​တွေကိုခံနိုင်တဲ့ ခန္တီစပါရမီ Limitပျက်​နေတဲ့ကုထုံးဆရာပေါ့။ ပျက်ဆိုလည်း သူကိုယ်၌ကိုက မိသားစုရဲ့အပူ​တွေ ရင်ထဲရှိ​နေတာကိုး။ဒီလိုနဲ့ လူနာ​တွေကို သည်းညည်းမခံနိုင်​တော့တဲ့ ဂျင်မီတစ်​ယောက် ကုထုံးဆရာ​ရဲ့ ကျင့်ဝတ်​နဲ့မညီတဲ့လုပ်ရပ်​တွေ စလုပ်ပါ​တော့တယ်။ ဥပမာ - လူနာတစ်​ယောက်က အိမ်​ထောင်​ရေးအဆင်မပြေဘူးဆိုပါစို့။ ကုထုံးဆရာရဲ့အလုပ်က ပုံမှန်ဆို သူ​ပြောတာနား​ထောင်၊ ​ပြေရာ​​ပြေ​​ကြောင်း​ပြော​ပေး၊ နှစ်ဖက်စလုံးကို ညှိယူဖို့ ပြောပေးရတာပေါ့။ဒါ​ပေမဲ့ ဇာတ်လိုက်​ကျော်ကြီး ဂျင်မီက​ ရှင်းပါတယ်။ အိမ်​ထောင်​ရေးအဆင်မ​ပြေတဲ့ လင်မယား​တွေဆို ကွာရှင်းခိုင်းတယ်။ စစ်ပွဲကရခဲ့တဲ့ စိတ်ဒဏ်ရာ​တွေ​ကြောင့် ​ဒေါသ​တွေကြီး ရန်​ပွဲတွေများနေတဲ့ စစ်ပြန်စစ်သားကို ​ဒေါသထိန်းဖို့ တရားထိုင်ဖို့ သူမတိုက်တွန်းပါဘူး။ MMA လက်​ဝှေ့သမား​တွေနဲ့ ထိုးခိုင်းပါတယ်။လူနာ​တွေအ​ပေါ် သူရဲ့ကိုင်တွယ်​ဖြေရှင်းပုံက ကျင့်ဝတ်​ရေးရာအရကြည့်လိုက်ရင် အ​တော်လွဲ​မှားနေ​ပေမယ့် ​ထွက်လာတဲ့ရလဒ်​တွေက ​အ​တော်​ ​ကောင်း​နေပြန်​ရော။ လူ​တွေက Process ထက်Outcome ကိုပဲ ​တန်းမြင်ကြတာမလား။ ဒီ​လိုနဲ့ပဲ ကုထုံးဆရာကြီးဂျင်မီအ​နေနဲ့ သူ့ရဲ့နည်းလမ်းအမှား​တွေကိုပဲ သုံးရင်း၊ ရလဒ်​​တွေ​ကောင်း​နေရင်း၊ ထပ်သုံးရင်းနဲ့ သံသရာလည်ကာအလွဲလွဲအမှားမှားဖြစ်နေပုံ​တွေကို အပြင်​လောကကြီးအ​ပေါ် လက်​တွေ့ကျတဲ့အမြင်နဲ့ တိုက်ကြည့်ရင်း တစိမ့်စိမ့်​တွေး၊ တ​ရေး​ရေး​ပေါ်၊ တခွိခွိရယ်​နေရမယ့် စီးရီး​ကောင်း တစ်ခုပါပဲ။