၂၀၂၆ ရဲ့အမျှော်လင့်ရဆုံးဖြစ်တဲ့ P’Faye ရဲ့ ကိုယ်ပိုင် Fabel entertainment ကနေ တင်ဆက်သွားမဲ့ GL ဇာတ်ကားသစ်လေးကတော့ ခုပဲ ထွက်ရှိလို့လာပါပြီ။Cast ပိုင်းမှာတော့ CEO ကြီး P’Faye နဲ့အတူ ချစ်စရာညီမလေး Atom က တွဲဖက်သရုပ်ဆောင်သွားမှာဆိုတော့ မမနဲ့ညလေး vibeပေါ့။ဇာတ်လမ်းလေးကတော့ အာရီဆာဆိုတဲ့ မိန်းကလေးဟာ သူ့ရဲ့ မိခင်ဖြစ်သူ အသတ်ခံလိုက်ရတဲ့ နောက်ကွယ်က အဓိက လက်သည်ဖြစ်တဲ့ အရင်းရှင်သူဌေးကြီးကို လက်စားချေဖို့အတွက် အကြိတ်အနယ် ကြိုးစားနေသူပါ။ဒါပေမဲ့ ကလဲ့စားချေဖို့ ခြေလှမ်းပြင်နေရင်းနဲ့မှ ကံကြမ္မာက မျက်လှည့်ပြလိုက်တဲ့အခါ... အဓိကရန်သူဖြစ်သူရဲ့ သမီးကိုမှ ခံစားချက်ပိုမိသွားတဲ့အခါ…ဦးနှောက် အသိတရားထဲက လက်စားချေချင်တဲ့ ဒေါသနဲ့ ရင်ထဲနှလုံးသားထဲက အချစ်စစ်ကြားမှာ အာရီဆာ တစ်ယောက် ဘယ်လိုတွေ ရုန်းကန်ရမလဲ။သူ့ရဲ့ ကလဲ့စားချေမယ့် အစီအစဉ်တွေကရော အချစ်ကြောင့် ရပ်တန့်သွားမလား၊ ဒါမှမဟုတ် ပိုပြီး ရှုပ်ထွေးသွားမလား ဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမဲ့ Vengeful Female Lead ဇာတ်ကားမျိုးလေးဆိုတော့ Daddy Faye ကို အလန်းဇယားဇာတ်ရုပ်နဲ့မြင်ချင်သူတွေ ခုပဲ Stay Tuned ပါနော်။