Cabbage Your Life 심우면 연리리 FHD

Cabbage Your Life 심우면 연리리

Comedy FHD 2026-03-26 8.3

ဆိုးလ်မြို့က လုပ်ငန်းကြီးတစ်ခုမှာ ဌာနမှူးအဖြစ် လုပ်ကိုင်နေတဲ့ Seong Tae Hun ( Park Sung Woong) ဟာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကြောင့် ရုတ်တရက်ကြီး ကျေးလက်တောရွာဘက်ကို ဇနီး ၊ သား ၃ ယောက်နဲ့ အတူ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်။မြို့ပြမှာပဲ မွေး ၊ မြို့ပြမှာပဲ ကြီးပြင်းလာကြပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလည်းမရှိ ၊ ကျေးလက်ဒေသမှာ နေဖူးတဲ့ အတွေ့အကြုံလည်း မရှိတဲ့ သူတို့မိသားစုအဖို့ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ ဆိုးလ်မြို့ကို ပြန်သွားရဖို့အတွက် ကြိုးစားရုန်းကန်ကြပါတော့တယ်။ဒီလိုနဲ့ ကျေးလက်ဒေသရဲ့ လူနေမှုဘဝနဲ့ စိမ်းသက်ပြီး နယ်ခံတွေနဲ့လည်း အဆင်မပြေ၊ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရင်း အချိန်ကြာလာတာနဲ့အမျှ မိသားစုရဲ့ တန်ဖိုး၊ ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်တွေကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ မိသားစုဒရမ်မာလေးကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။