Hold A Court Now 家事法庭 FHD

Hold A Court Now 家事法庭

Drama FHD 2026-03-25 8

လူငယ်တရားသူကြီးတစ်ဦးဖြစ်တဲ့ ရှန်ရှဲ့ကျစ်နဲ့ ရှေ့နေချင်းရွေ့တို့ဟာ ဥပဒေလောကမှာ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေပါ။ အဲဒါအပြင် သူတို့နှစ်ဦးနဲ့ ရှုကျင်း၊ ဟူအိုက်ရှီး၊ ချန်ရှန့်ဟွေတို့ဟာလဲရင်းနှီးကြတဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး တရားဥပဒေဆိုင်ရာပြဿနာတွေဖြေရှင်းဖို့ အဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းထားကြတာပါ။ သူတို့အဖွဲ့ဟာ အခြေခံလူတန်းစားလူ့အဖွဲ့အစည်းထဲအထိဝင်ရောက်ကာ မိဘနဲ့သားသမီးကြားက ပဋိပက္ခတွေ၊ အိမ်ထောင်ရေးအခက်အခဲတွေနဲ့ ရှုပ်ထွေးလှတဲ့လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ ကြိုးပမ်းကြပါတော့တယ်။ဒါပေမဲ့ အမှုတစ်ခုချင်းစီကိုဖြေရှင်းရာမှာ "ဥပဒေသည် ဘက်လိုက်မှုကင်းသော်လည်း လူသားချင်းစာနာထောက်ထားမှုကသာ အရာရာကို လွှမ်းမိုးနိုင်သည်" ဟူသောမူဝါဒကိုလက်ကိုင်ထားကြပါတယ်။ အဲလိုလုပ်ရပ်တွေကြောင့် ဥပဒေနဲ့ သွေဖယ်သွားနိုင်တယ်ဆိုပြီး ဝေဖန်ခံကြရပေမဲ့ အဲလိုလုပ်ရပ်တွေကပဲ သူတို့ရဲ့မူလရည်မှန်းချက်အပေါ်သစ္စာရှိမှုနဲ့တရားဥပဒေစိုးမိုးရေးအပေါ် မယိုင်မလဲယုံကြည်မှုတို့ကို အထင်အရှားသက်သေပြပေးနိုင်ခဲ့ကြပါတယ်။တရားဥပဒေအပြင်ကိုမှ နေရာတကာမှာ ဥပဒေလိုအပ်သလို လူသားချင်းစာနာမှုလဲ လိုအပ်ကြောင်းကို ဒီစီးရီးလေးက အသေအချာသရုပ်ဖော်ပြသွားတာမို့ အမှုလိုက်ရင်းဘဝအစုံစုံတို့ရဲ့ပြဿနာအထွေထွေကို ရင်မောဖွယ်၊ ‌စိတ်လှုပ်ရှားဖွယ်ခံစားရမှာဖြစ်လို့ အမိအရကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်။