ဒီဇာတ်ကားဟာ အကပညာ၊ အချစ်၊ အမုန်းတရား၊ ကျိန်စာတွေနဲ့ အတိတ်ရဲ့လျှို့ဝှက်ချက်တွေ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်ယုံကြည်ခြင်း ၊ ကိုးကွယ်ခြင်းနဲ့ ကျိန်စာက ယှဉ်တွဲလာတဲ့အခါ... ကံဆိုးခြင်းသံသရာရဲ့အစက လူတစ်ယောက်ရဲ့ဘဝကို ထာဝရပြောင်းလဲသွားစေပါတယ်...မယ်တော်အပ်စောန်ကိုအကပူဇော်နေတဲ့ "ဒူဝန်အပ်စောန်"ဟာ အတိတ်ဘဝကိုပြန်မှတ်မိသွားတဲ့အတွက် သူမရဲ့အကပူဇော်သူဘဝကို စွန့်လွှတ်လိုက်တာကြောင့် ရွာအပေါ်ကံဆိုးမှုတွေဖြစ်ပေါ်လာခဲ့စေပါတယ်...ဒါပေမဲ့ "ဒူရစ်"ကတော့ သူ့ရဲ့အတိတ်ဘဝက မယ်တော်အပေါ်ယုံကြည်ပြီး ဒူဝန်နဲ့သေကွဲကွဲခဲ့ရတာကြောင့် မယ်တော့်အပေါ်ယုံကြည်ခြင်းမရှိတော့ပဲ ကံတရားဟာ ကိုယ့်လုပ်ရပ်ပေါ်မှာသာမူတည်တယ်လို့ လက်ခံလိုက်ပါတယ်ဒီလိုနဲ့ သူတို့ရဲ့ကွဲပြားတဲ့ ယုံကြည်ချက်တွေကြားကနေ အချင်းချင်းနားလည်မှု ဖေးမကူညီမှုတွေကနေတစ်ဆင့် ချစ်ခြင်းတရားကို ပြန်လည်တည်ဆောက်ကြတဲ့အခါ.................အတိတ်ဘဝက "ဒူဝန်"ကို မနာလိုခဲ့တဲ့ "ရိဆာ"ဟာ ဒီဘဝမှာလည်း သူမကိုဒုက္ခပေးဖို့အတွက် ဒူဝန်အပေါ်မေတ္တာရှိနေတဲ့ "ကရိုင်ဝစ်"နဲ့အတူ ပူးပေါင်းကြံစည်ပါတော့တယ်တစ်ဖက်မှာလဲ ဒူဝန်ရဲ့မိခင်အစစ်ကို ရှာဖွေကြပြီး "ရိဆာ"ရဲ့မကောင်းကြံမှုတွေကို ဘယ်လိုကြိုးစားကာကွယ်ကြမလဲ...... သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော ဖြောင့်ဖြူးသာယာပါ့မလား....ဆိုတာကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်.....။