Shadow of Love ใต้เงารัก FHD

Shadow of Love ใต้เงารัก

Drama FHD 2026-03-24 8.3

ဒီနေ့မှာမှ ပူပူနွေးနွေးထွက်ရှိထားပြီး Apple My Love series ထဲက side CP လေးက main CP အဖြစ် ပွဲဦးထွက်လာတဲ့ ထိုင်း GL Web Drama အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ သွေးမတော်သားမစပ်ဘဲ မိသားစုတစ်ခုတည်းမှာ အတူတူကြီးပြင်းလာရတဲ့ ပင်ချက်နဲ့ ရန်ယာဆိုတဲ့ ကောင်မလေးနှစ်ယောက်ကြားက ဆက်ဆံရေးကို ပုံဖော်ထားတာပါ။ အဖေက ဘယ်ကနေမှန်းမသိဘဲခေါ်လာတဲ့ ရန်ယာဆိုတဲ့ကောင်မလေးကို ပင်ချက်တစ်ယောက် ကြည့်မရတဲ့အတွက် အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် အေးစက်စက်ခပ်တန်းတန်းနေခဲ့ကြပေမဲ့၊ တစ်မိုးအောက်တည်း အတူတူနေထိုင်ရင်း သံယောဇဉ်တွေတွယ်လာရာကနေ သာမန်ညီအစ်မဆိုတဲ့ ဘောင်ကိုကျော်လွန်ပြီး အချစ်ဆိုတဲ့ ခံစားချက်တွေ ဖြစ်တည်လာပါတော့တယ်။မိသားစုဆိုတဲ့ စည်းမျဉ်းတွေကြောင့် သူတိုရဲ့ ခံစားချက်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့... တားမြစ်လေ ပိုနက်ရှိုင်းလေဖြစ်လာတဲ့ နှလုံးသားကအချစ်တွေကိုနောက်ဆုံးမှာ ဘယ်လို ဆက်လက်ရင်ဆိုင်ကြမလဲဆိုတာကတော့….