Sangamarmar FHD

Sangamarmar

Drama Family FHD 2026-02-26 4

ဉာဏ်ရည်ထက်မြတ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာ ဘာတစ်ခုမှ ပူပန်စရာမလိုဘဲ မင်းသမီးလေးတစ်ပါးလို နေထိုင်ခဲ့ရတဲ့ အမ်ရီတာတစ်ယောက် မထင်မှတ်ဘဲသူမအဖေရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံး ဒေဝါလီခံလိုက်ရတဲ့အချိန်မှာတော့ ဘဝက ရုတ်တရက်ဆိုသလိုပဲ ပြောင်းလဲသွားခဲ့ရပါတယ် အရာအားလုံး ဆုံးရှုံးသွားပြီး ကြွေးရှင်တွေရဲ့ဝိုင်းဝန်းဖိအားပေးမှုကို တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားရင်းနဲ့ အာဒီတရာနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ဦးရဲ့ ဘဝခရီးလမ်းကို အစပြုခဲ့ကြတာပါ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ သူတို့ရဲ့အိမ်ထောင်ရေးခရီးမှာ အချစ်နဲ့ သံယောဇဉ်ကို အခြေခံထားပေမဲ့ အတိတ်က ဒဏ်ရာတွေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အခက်အခဲတွေကြား မိသားစုဘဝ တည်မြဲဖို့ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာကို အလှည့်အပြောင်းမျိုးစုံကြား စိတ်ဝင်တစားကြည့်ရှုရမှာမျိုးပါ အေးချမ်းတဲ့ ဘဝကနေ အပူမီးတွေကြား ရောက်သွားခဲ့ရတဲ့ အမ်ရီတာတစ်ယောက်မိသားစုအတွက် ဘယ်လိုမာန်တင်းပြီး တိုက်ပွဲဝင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးနဲ့အတူ လိုက်ပါကြည့်ရှုလိုက်ပါဦး