ကန်နာဒါစကားပြော မှုခင်းဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာနာတာကာ ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြို့တမြို့ရဲ့ မြစ်ကမ်းနားမှာ ခြေပြတ်၊ လက်ပြတ် လူေသအလောင်းအစိတ်အပိုင်းတွေ ဆက်တိုက်တွေ့ရှိလာရပါတယ်။ ရွာသားတွေကတော့ အဲဒါတွေက မိကျောင်းကိုက်ခံရတာလို့ ယူဆကြပေမဲ့ ဟာနူမာဆိုတဲ့ ရဲအရာရှိကတော့ အဲဒီအလောင်းတွေက တိရစ္ဆာန်လက်ချက်မဟုတ်ဘဲ လူသ-တ်မှုဖြစ်နိုင်တယ်လို့ သံသယဝင်နေပါတယ်။တာဝန်နဲ့ မိသားစုကြားမှာ ဗြာများနေရတဲ့ ဟာနူမာတယောက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရင်း လူသ-တ်မှုတွေဟာထူးဆန်းတဲ့ ဘာသာရေးယုံကြည်မှု တခုခုလား၊ ပုဂ္ဂိုလ်ရေးအရ ရက်စက်စွာ သတ်ဖြတ်ခြင်းလားဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားပုံတွေကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာပါဖြစ်ပါတယ်။