Dream of Golden Years FHD

Dream of Golden Years

Comedy FHD 2026-03-17 9

အပြောင်းအလဲများစွာရှိနေတဲ့ ၁၉၈၃ ခုနှစ်မှာ "လုပ်ငန်းခွင်ကျွန်" လို့တံဆိပ်ကပ်ခံထားရတဲ့ ခေတ်မိန်းမပျိုတစ်ဦးဟာ လှိုင်းလေထန်လှတဲ့စီးပွားရေးလောကထဲကို ရဲရဲဝံ့ဝံ့ခြေစုံပစ်ဝင်ခဲ့ပါတယ်။အဲလိုမိုက်ရူးရဲဆန်မှုကြောင့် လူအများရဲ့ကဲ့ရဲ့ဝေဖန်မှုတွေကိုလဲ ရင်ဆိုင်ခဲ့ရရှာပါတယ်။ ဒါပေမဲ့ မိန်းမငယ်လေးဟာ အဲလိုဝေဖန်မှုတွေကို တွန်းလှန်ပြီး ကိုယ်ပိုင်လမ်းစဉ်တစ်ခုကိုဖော်ဆောင်ဖို့သန္နိဋ္ဌာန်ချထားသူပါ။ အရာအားလုံးကို ဘာမှမရှိတဲ့ဘဝကနေစတင်ခဲ့ပြီး အခက်အခဲတွေကြား ကြံ့ကြံ့ခံရင်း မြင့်မားလှတဲ့အောင်မြင်မှုဆီ ဖြည်းဖြည်းချင်းတက်လှမ်းနိုင်ခဲ့ပါတယ်။ဒီလိုစိန်ခေါ်မှုတွေနဲ့ဆင်းရဲပင်ပန်းမှုများစွာကို ရင်ဆိုင်နေရချိန်မှာ ကျိုးချန်လို့အမည်ရတဲ့ ကိုလူချောလေးနဲ့ ဆုံခဲ့ပါတော့တယ်။ မိန်းမပျိုလေးဟာ မဆုတ်မနစ်ကြိုးစားအားထုတ်မှုနဲ့ထူးချွန်လှတဲ့ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချကာ စီးပွားရေးလောကမှာ နေရာတစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။ အဲလိုပဲ တစ်ဖက်မှာလည်း သူနဲ့ကျိုးချန်တို့ရဲ့ပတ်သက်မှုဟာနှလုံးသားထဲထိစိမ့်ဝင်သွားရာမှာတော့ချစ်ခရီးအိပ်မက်ဟာ ဖြောင့်ဖြူးလေမလား၊ ရောက်ချင်တဲ့နေရာကိုရော ရောက်လေမလား... ဒီလိုဝေခွဲမရမှုတွေကြားမှာ သေချာတာတစ်ခုကတော့ ကျိုးချန်နဲ့သူရဲ့အချစ်အိမ်ငယ်ဟာသကာလောင်းတဲ့ပျားသလက်လို ချစ်ရနံ့တို့ချိုမြထုံသင်းနေမှာ အမှန်ပါပဲ။ Romance ဇာတ်အိမ်ကို ပုံမှန်ကြည့်နေရတဲ့ဇာတ်လမ်းတွေကနေ ကွဲထွက်တာမျိုးလေးမှဆို ဒီစီးရီးလေးကအသင့်တော်ဆုံးပါပဲနော်။