This City Is Ours FHD

This City Is Ours

Crime Drama FHD 2025-03-23 7.262

ဇာတ်လမ်းက အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့က ကိုကင်း မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါ။ဂိုဏ်းချုပ်ကြီး Ronnie Phelan (Sean Bean) က အသက်အရွယ်ရလာတော့ ဒီအလုပ်တွေကနေ အနားယူဖို့ စဉ်းစားလာတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ညာလက်ရုံးဖြစ်တဲ့ Michael နဲ့ သွေးဆူလွယ်တဲ့ သားအရင်း Jamie တို့နှစ်ယောက်ကြားမှာ အာဏာလုပွဲ စတင်ပါတော့တယ်။Michael က ဂိုဏ်းကို ဆက်ပြီး ဦးဆောင်ချင်ပေမယ့် တစ်ဖက်မှာလည်း ချစ်သူ Diana နဲ့အတူ ကလေးယူပြီး အေးအေးချမ်းချမ်း မိသားစုဘဝလေး တည်ဆောက်ချင်တဲ့ ဆန္ဒလည်း ရှိနေပြန်ရော။ အဲဒီလို လွန်ဆွဲနေတဲ့ အချိန်လေးမှာပဲ သူတို့ဂိုဏ်းရဲ့ မူးယစ်ဆေးဝါးကုန်တင်သင်္ဘောကြီးတစ်ခု အလစ်သုတ်ခံလိုက်ရပါလေရော။ ဒီကိစ္စကြောင့် ကိုလံဘီယာ ကာတဲလ်တွေနဲ့ပါ ပြဿနာတက်ပြီး ဂိုဏ်းထဲက သစ္စာဖောက်ကို ရှာကြရင်း ပစ်ကြခတ်ကြ၊ သတ်ကြဖြတ်ကြနဲ့ ဇာတ်လမ်းက တဖြည်းဖြည်း မြိုင်လာပါတယ်။ဒီကားလေးက လီဗာပူးလ်စတိုင် "Sopranos" လို့တောင် တင်စားခံရတဲ့အထိ ဂိုဏ်းစတားတွေ အချင်းချင်း အားပြိုင်ကြတာတွေ၊ မိသားစုထဲမှာပဲ သစ္စာဖောက်ကြတာတွေကို အပီအပြင် ရိုက်ပြထားပါတယ်။ အက်ရှင်ကြမ်းကြမ်းတွေ၊ ဂိုဏ်းတွေကြားက ကစားကွက်တွေကို သဘောကျတယ်ဆိုရင်တော့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မင်းသားကြီး Sean Bean သရုပ်ဆောင်သွားတာကတော့ ပြောစရာမလိုအောင် ပီပြင်သလို၊ ကျန်တဲ့ သရုပ်ဆောင်တွေကလည်း ဇာတ်ကောင်စရိုက်တွေကို အကောင်းဆုံး ပုံဖော်ပေးထားနိုင်ကြပါတယ်။အပိုင်း ၈ ပိုင်းပါဝင်ပြီး တစ်ထိုင်တည်း ဆက်တိုက်ကြည့်ချင်စရာကောင်းအောင် ဆွဲဆောင်ထားနိုင်တဲ့ ကားကောင်းလေးတစ်ကားမို့  ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

အပိုင်းများ

Season - 1