Reborn in 2000: Crush on My Deskmate 重生2000:从追求青涩校花同桌开始 FHD

Reborn in 2000: Crush on My Deskmate 重生2000:从追求青涩校花同桌开始

Drama FHD 2026-02-26 8.3

ကုမရတော့တဲ့ဝေဒနာကိုခံစားနေရတဲ့ ချန်ဖန်းဟာ မထင်မှတ်ဘဲ အတိတ်ကိုပြန်လည်ရောက်ရှိသွားပြီး ၂၀၀၀ ပြည့်နှစ်မှာ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီမှာ အရင်ဘဝတုန်းကယာဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ရတဲ့ သူအမြတ်နိုးဆုံး ငယ်ချစ်ဦးလေးဖြစ်သလို ကျောင်းရဲ့အလှပဂေးလေးဖြစ်တဲ့ အတန်းဖော် စူးရော့ချူးကို ပြန်လည်တွေ့မြင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်မို့ အတိတ်က နောင်တတွေကိုအစားထိုးဖို့အတွက် ချန်ဖန်းဟာ ဘာမှမရှိတဲ့ဘဝကနေ စီးပွားရေးအင်ပါယာကြီးတစ်ခုတည်ထောင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူအချစ်ဆုံးမိန်းကလေးအတွက်အကောင်းဆုံးသောအချစ်နဲ့ ပြည့်စုံတဲ့အနာဂတ်တစ်ခုကိုပေးနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အဆုံးသတ်သိပြီးသားစာအုပ်ဟာ အရင်လိုပဲ အဆုံးသတ်တူနေမှာလား၊ ချန်ဖန်းတစ်ယောက် အရင်ခေတ်ကနေ လက်ရှိခေတ်ကိုပြန်ရောက်လာချိန် ငယ်ချစ်ဦးလေးကရောအတူပါလာမှာလား၊ တစ်ခါဆုံးရှုံးခဲ့ဖူးတဲ့နှလုံးသားငယ်ဟာ ချစ်ခရီးလမ်းကို ချောမွေ့စွာဖြတ်သန်းနိုင်မှာလား...ဒီလိုစိတ်ဝင်စားစရာလေးတွေကြား သကြားလုံးလိုချိုမြမြအချစ်ဇာတ်လမ်းလေးကိုကြည့်ချင်ရင်တော့ ဒီစီးရီးလေးက အသင့်တော်ဆုံးပါပဲနော်!