ရှေ့နေဇာတ်လမ်း၊ စုံထောက်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက် Amazon MX ရဲ့ အသစ်ထွက်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။မွန်ဘိုင်းမြို့က နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ဂျက်ဆူးမိုမင်ဟာ ဟိုတယ်ခန်းတစ်ခုထဲမှာ အသ-တ်ခံလိုက်ရပါတယ်။ ဒီအမှုမှာ သူနဲ့ဟိုတယ်ခန်းထဲမှာအတူရှိနေခဲ့တဲ့ဘာဟာဆိုတဲ့မိန်းကလေးကို လူသ-တ်သမားအဖြစ် မီဒီယာတွေနဲ့ လူထုက တထိုင်တည်း ကောက်ချက်ချလိုက်ကြပါတယ်။ အားလုံးက ဒီအမှုကို ပြီးသွားပြီလို့ ထင်နေကြချိန်မှာပဲဉာဏ်များတယ်လို့နာမည်ကြီးတဲ့ ရှေ့နေ အာမားဗစ်ရှ်ဝါးစ်က ဘာဟာ့ဘက်ကနေ အခမဲ့ လိုက်ပါကူညီဖို့ ရောက်ရှိလာပါတယ်။အာမားဟာ အမှုရဲ့ အပေါ်ယံ အချက်အလက်တွေနောက်မှာဖုံးကွယ်နေတဲ့ လှည့်ဖျားမှုတွေ၊ အာဏာရှိသူတွေရဲ့ ကြိုးကိုင်မှုတွေကို တဖြည်းဖြည်း ချပြရင်း တကယ့်တရားခံအစစ်ကို ရှာဖွေပုံကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပုံဖော်ပြထားပါတယ်။