Her Blaze她的盛焰 FHD

Her Blaze她的盛焰

Drama FHD 2026-03-13 8.5

သင်္ချာပါရမီရှင်တစ်ဦးဖြစ်သူ ရောင်ယွီချီဟာ အရင်းနှီးဆုံးသူငယ်ချင်းနဲ့စီးပွားဖက်ဖြစ်သူ ပိုင်ကျင်းကျင်းရဲ့မဟုတ်မမှန်လုပ်ကြံမှုကို ခံခဲ့ရပါတယ်။ သူဟာ မိခင်ဖြစ်သူကို ပြန်လည်တိုက်ခိုက်ခဲ့လို့မူးယစ်ဆေးစွဲနေသူအဖြစ်စွပ်စွဲခံရကာ မိသားစုရဲ့ဖိအားပေးမှုကြောင့် Cardiac Health Treatment Center ကို ပို့ဆောင်ခံလိုက်ရပါတယ်။ အဲအချိန်ကစပြီး မိသားစု၊ သူငယ်ချင်း၊အချစ်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအားလုံးဟာ သူ့ဘဝထဲကနေ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဘဝအမှောင်အတိကျသွားတဲ့ကာလတစ်လျှောက်လုံးမှာ ရောင်ယွီချီဟာ ချောက်တွန်းခဲ့သူရဲ့မျက်နှာကို လုံးဝမမေ့ခဲ့ပါဘူး။ သုံးနှစ်အကြာမှာတော့ ဆေးရုံက ဆင်းလာခဲ့ပြီး ရောင်ယွီချီဟာပိုင်ကျင်းကျင်းရဲ့မျက်နှာဖုံးကို ခွာချကာ ယုတ်မာတဲ့လုပ်ရပ်တွေကို လူသိရှင်ကြားဖွင့်ချဖို့ အသေးစိတ်ကျလှတဲ့လက်စားချေမှုအစီအစဉ်တွေကို စတင်အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းက ကြည့်နေကျ လက်စားချေဇာတ်အိမ်မဟုတ်ဘဲ Female Lead အသားပေးဖြစ်တဲ့အပြင် လူတွေရဲ့မနာလိုမှု၊ ဟန်ဆောင်မှုတွေကိုပါ လှစ်ဟပြထားတဲ့ဇာတ်လမ်းမို့ ကြည့်ရှုသူတွေအားရကျေနပ်မဲ့ဇာတ်လမ်းမျိုးပါပဲ ပြိတ်သတ်ရေ!