မိခင်ဖြစ်သူကိုအတုယူကာ ယီလန်ဟာ ငယ်စဉ်ကတည်းက Cello တီးခတ်မှုကိုသင်ယူခဲ့ပြီး ထူးချွန်ထက်မြက်တဲ့ပါရမီကို ပိုင်ဆိုင်ထားသူပါ။ အထက်တန်းကျောင်းရဲ့ပထမဆုံးအပတ်တွင်ငယ်သူငယ်ချင်းဖြစ်သူ ထုန်ရှောင်လျဲ့ရဲ့အားပေးမှုကြောင့် ကိုယ်ပိုင်ဂီတသုံးယောက်တွဲအဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ကျောင်းရဲ့တီးဝိုင်းကြီးကိုအနိုင်ယူပြီး နှစ်ပတ်လည်ကျောင်းကပွဲမှာ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ယီလန်ဟာ မမောပန်းတတ်တဲ့နေမင်းငယ်လေးတစ်စင်းလို ထက်သန်လှတဲ့စိတ်ဓာတ်တွေနဲ့ကြိုးစားခဲ့သည်။ သူ့ထက်သန်မှုတွေဟာ ထုန်ရှောင်လျဲ့ကိုပါကူးစက်သွားခဲ့ပြီး စွန့်လွှတ်ခဲ့ရတဲ့ဂီတအိပ်မက်တွေကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပါတော့တယ်။ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ကြိုးစားကြရင်း နှစ်ဦးသားရဲ့နှလုံးသားမှာ တဖြည်းဖြည်းနီးစပ်လာခဲ့ပါတယ်။ဒီစီးရီးဟာ အချစ်၊ သံယောဇဉ်၊ မိသားစုမေတ္တာနဲ့ အိပ်မက်အားလုံးရောယှက်ကာ အလှပဆုံးဂီတသံစဉ်တစ်ခုကို ဖန်တီးပုံဖော်ပြရင်း နုနယ်လှတဲ့အချစ်ရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊လက်မလျှော့မှုတို့ကိုပါ ခံစားရစေမဲ့စီးရီးလေးမို့ ကြည့်ရင် အရှုံးမရှိမှာ အမှန်ပါပဲနော်။