"ပြဇာတ်ထဲမှာတော့ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်လို့ရပေမယ့်... အပြင်လက်တွေ့မှာကျတော့ နှလုံးသားက ပေးတဲ့ ဇာတ်ညွှန်းကို ဘယ်သူမှ လွန်ဆန်လို့မရဘူးလေ..."GMMTV ကနေ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ အရှုပ်တော်ပုံ Only Friends (2023) ရဲ့ အဆက် (ဒါမှမဟုတ်) ဒုတိယမြောက် Franchise အနေနဲ့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ 2026 BL Series သစ်ကြီး "Only Friends: Dream On" ကို BL Fan တွေအတွက် တင်ဆက်ပေးလိုက်ပါပြီ။ရှေ့ကားတုန်းကလည်း ... Mew, Ray, Boston, Sand, Top, Nick ဆိုတဲ့ သူငယ်ချင်းတစ်သိုက်ကြားက အချစ်၊ သစ္စာဖောက်မှု၊ Friends with Benefits နဲ့ တကယ့်ကို အလွန် ရှုပ်ထွေးပွေလီတဲ့ ဇာတ်လမ်းတွေနဲ့ ပရိသတ်ကို "ဘာတွေဖြစ်ကုန်တာလဲ" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်စေခဲ့တဲ့ ကားဆိုတာ မှတ်မိကြဦးမှာပါ။အဲဒီတုန်းက စံချိန်တင် ပတ်စားပြီး Messy ဖြစ်ခဲ့တဲ့ Vibe တွေကို အခုဒုတိယကားမှာလည်း အပြည့်အဝ ပြန်ခံစားရမှာဖြစ်လို့ Trailer ထွက်ကတည်းက ပရိသတ်တွေ အသည်းယားပြီး စောင့်မျှော်နေခဲ့ရတဲ့ ကားဆိုလည်း မမှားပါဘူး။ဒီတစ်ခါ Cast တွေကတော့ EarthMix, JossGawin, AouBoom ဆိုတဲ့ တွဲဖက်မှုအပြင်ကိုပထမတို့အတွဲကလည်း ပါဝင်အားဖြည့်ထားတဲ့ ရှယ်လန်း cast တွေပွဲထွက်လာတာပါဇာတ်လမ်းလေးကတော့... တက္ကသိုလ် အနုပညာဌာနက စီနီယာကျောင်းသားလေး ဂျက် တစ်ယောက် ဂန္တဝင်ပြဇာတ်ကြီး Romeo & Juliet ကို ယောက်ျားလေးနှစ်ယောက် ဇာတ်လမ်း "Romeo & Romeo" အဖြစ် အသစ်ပြန်လည် ပုံဖော်ဖို့ ရည်ရွယ်ပြီး သရုပ်ဆောင်သစ်တွေ ရွေးချယ်ဖို့ Audition ခေါ်ရာကနေ စတင်ပါတယ်။ပြဇာတ်အတွက် လူရွေးချယ်မှုတွေ လုပ်ရင်းနဲ့ ကျောင်းသား ၆ ယောက်ကြားမှာ ထင်မှတ်မထားတဲ့ ဆက်ဆံရေးတွေ စတင်လာတဲ့အခါမှာတော့...