Pursuit of Jade 逐玉 FHD

Pursuit of Jade 逐玉

Drama FHD 2026-03-06 8.3

ဘဝအခြေအနေချင်းမတူတဲ့ ဖန်းချန်ယွိနဲ့ရှဲ့ကျန်းတို့ဟာ အကျိုးစီးပွားအတွက် ဟန်ဆောင်လက်ထပ်ခဲ့ကြပါတယ်။ ဟန်ဆောင်အိမ်ထောင်ရေးလေးဟာ တဖြည်းဖြည်းနဲ့စစ်မှန်တဲ့အချစ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပေမဲ့ ရက်စက်လှတဲ့စစ်ပွဲကြီးက သူတို့နှစ်ဦးကို တကွဲတပြားစီဖြစ်အောင် ခွဲပစ်လိုက်ပါတယ်။ဇွဲထက်သန်လှတဲ့ဖန်းချန်ယွိဟာ သားသတ်ဓားကိုကိုင်စွဲပြီး တရားမျှတမှုနဲ့ ပျောက်ဆုံးနေတဲ့ ခင်ပွန်းဖြစ်သူကိုရှာဖွေဖို့ စစ်မြေပြင်ထဲအထိ ဆင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရှဲ့ကျန်းဟာသူ့ရဲ့ဂုဏ်ဒြပ်တွေကိုပြန်လည်ရယူနိုင်ခဲ့ပြီး နိုင်ငံတော်နဲ့ချစ်ရသူကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်နေခဲ့ပါတယ်။ စစ်ပွဲတွေကြား ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့ သူတို့နှစ်ဦးဟာကံကြမ္မာကိုအတူတကွအံတုရင်း ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို အတူဖော်ထုတ်ခဲ့ကြပါတယ်။ဒီစီးရီးလေးမှာ မမ Tian Xi Wei ကို လင်ထိပ်ထားစံသဲသဲကဲကဲလေးအဖြစ်မြင်တွေ့ရမှာမို့ ကြည့်ရင်း အချိုတွေပါ စားရမှာပါ။ ကိုကိုကျန်းလင်ဟော့ကလည်း အရမ်းမိမိုက်လွန်းတာမို့ဒီလိုဇာတ်အိမ်မျိုးမှာ ဒီလိုသရုပ်ဆောင်တွေနဲ့ရိုက်ထားတဲ့စီးရီးကိုမှ မကြည့်ရင် ဘာသွားကြည့်ကြမလဲ ပြိတ်သတ်ရေ...!