စေ့စပ်ပွဲကျင်းပခါနီးမှာ တင်းတျန့်ဟာ ချစ်ဦးသူ ချန်အားမင်နဲ့ ပြန်ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ချန်အားမင်က နာမည်ကို ယွီခွမ်းလို့ပြောင်းလဲထားရုံတင်မကဘဲ မတူညီတဲ့အနေအထားနဲ့နောက်ခံကိုပါ ပိုင်ဆိုင်ထားတာပါ။ဒါပေမဲ့ နောက်ပိုင်းသိလိုက်ရတာက ချန်အားမင်ဟာ စိတ်ရောဂါတစ်ခုကို ခံစားနေရတာပါ။ စမ်းသပ်မှုတစ်ခုကျရှုံးခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ချန်အားမင်ရဲ့ "ကိုယ်ရည်ကိုယ်သွေး ကွဲပြားခြင်း" ရောဂါကိုကုသပေးနိုင်ဖို့ တင်းတျန့်နဲ့သူငယ်ချင်းတွေဟာ "Sugar-coated" ဆိုတဲ့လျှို့ဝှက်အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။ထိုအစီအစဉ်ကိုအရင်းပြုပြီး ချန်အားမင်ရဲ့အတိတ်က နာကျင်မှုတွေကိုရဲဝံ့စွာရင်ဆိုင်လာနိုင်ဖို့နဲ့ ကွဲအက်ထိရှထားတဲ့ခံစားချက်တွေ၊ မှတ်ဉာဏ်တွေအောက်မှ လွတ်မြောက်လာစေဖို့ လမ်းညွှန်ကြိုးစားကြပါတော့တယ်။ ဒီစီးရီးလေးမှာ မင်းသားကို နှစ်ကိုယ့်တစ်စိတ်မဟုတ်တဲ့ တစ်ကိုယ့်နှစ်စိတ်အဖြစ်မြင်တွေ့ရမှာမို့ ပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့တော့ အနည်းငယ်ကွဲပြားနေမှာမို့ ပရိတ်သတ်တို့အတွက် ကြည့်ပျော်စရာစီးရီးလေးအဖြစ် ညွှန်းလိုက်ရပါတယ်။