About Love 玫瑰丛生 FHD

About Love 玫瑰丛生

Drama Mystery FHD 2026-02-26 8.3

အချစ်နဲ့ပတ်သက်လာရင် အမြဲတမ်းသတိကြီးကြီးထားပြီး အလေးအနက်ထားတတ်တဲ့ လီရှောင်ရှီးဟာ စိတ်ထဲမှာ မလုံခြုံမှုတွေနဲ့ အချစ်ကို မယုံစားရဲသူလေးပါ။ ဒါပေမဲ့ ရှောင်ရှီးဟာမထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာ ရှောင်ပေ့နဲ့ဆုံတွေ့ခဲ့ပြီး အဲဒီတိုက်ဆိုင်မှုကနေတစ်ဆင့် သူတို့နှစ်ဦးကြားမှာ ရိုမန်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ရှောင်ပေ့ရဲ့သစ္စာရှိမှုနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို မယိုင်မလဲဘဲ အမြဲတမ်းကာကွယ်ပေးမှုတွေက လီရှောင်ရှီးရဲ့စိတ်ထဲမှာရှိနေတဲ့ မလုံခြုံမှုတွေကို တဖြည်းဖြည်းကျော်ဖြတ်နိုင်ဖို့အတွက်ခွန်အားတွေဖြစ်စေခဲ့ပါတော့တယ်။လီရှောင်ရှီးအဖြစ် သရုပ်ဆောင်ထားတဲ့ Wang Zi Wen နဲ့ လျိုကောက အသက်သိပ်မကွာတာမို့ ကလိကလိဖြစ်ရတဲ့ မနဲ့မောင်ဇာတ်အိမ်ထက်စာရင်တော့ရင့်ကျက်တည်ငြိမ်တဲ့အချစ်ရေးဇာတ်လမ်းအဖြစ် မြင်တွေ့ရမှာပါ။ နောက်ပြီး လျိုကောက ချစ်တတ်လွန်းသူကြီးဘွဲ့ထူးပါရထားတာမို့ သူ့ရဲ့ချစ်တတ်မှုအပေါင်းတစ်သိန်းကိုအားကျစောင်ကိုက်ရင်းကြည့်ရမှာ ကျိန်းသေပါပဲနော်။