မိထွေးဖြစ်သူရဲ့ကောက်ကျစ်မှုကြောင့် မာလီနဲ့မာလိုင်တို့ ညီအစ်မဟာ ငယ်စဉ်ကတည်းက ခွဲခွါခဲ့ရတဲ့အပြင် မာလီနဲ့ သူ့အမေဘူငှါကိုလည်း အကွက်ကျကျသတ်ဖြတ်ဖို့ စီစဉ်ခဲ့သေးပါတယ်မာလီဟာ အမေဖြစ်သူသေဆုံးခဲ့ပေမယ့် သူမကတော့ သခင်ကြီးတစ်ဦးကူညီမှုကြောင့် အသက်ဘေးကလွှတ်မြှောက်ခဲ့ပါတယ်ဒါပေမယ့် တခြားသူတစ်ဦးက ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာရုံမှာ ရောင်းစားခဲ့ပါတယ်တနေ့မှာ သူမဟာ အဲဒီကျေးဇူးရှင်သခင်ကြီးနဲ့ ပြန်ဆုံတဲ့အခါမှာ သူမမှတ်မိပါ့မလား........ သခင်ကြီးကရော မှတ်မိနေမလား......ခွဲခွါခဲ့ရတဲ့မာလီနဲ့မာလိုင်ရော ဘယ်လိုအခြေအနေမှ ပြန်ဆုံရမလဲ................ဒီကောက်ကျစ်မှုတွေအတွက်ရော မာလီဟာ ဖြေရှင်းနိုင်ခွင့်ရသွားပါ့မလားဆိုတာကိုတော့ “လေပြည်ဆောင်သော ပန်းရနံ့” ဇာတ်ကားထဲမှာ ကြည့်ရှုကြရအောင်ပါ