Pearl in Red 붉은 진주 FHD

Pearl in Red 붉은 진주

Drama FHD 2026-02-23 8.3

ကြင်နာတတ်ပြီး သာမန်မိသားစုဘဝလေး လိုချင်တဲ့ Kim Myeong-Hee (Park Jin Hee)ဟာ မထင်မှတ်ထားတဲ့ အမှန်တရား တစ်ခုကြောင့် သေခြင်းတရားနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီလိုနဲ့ပဲ အမြွှာအစ်မဖြစ်သူရဲ့  သေဆုံးမှုကြောင့် လက်စားချေဖို့အတွက် Kim Dan Hui (Park Jin Hee) တစ်ယောက် သရုပ်မှန်ကို ဖုံးကွယ်ပြီး သူ့အစ်မလို ဟန်ဆောင်ရင်းအာဒဲလ်လုပ်ငန်းစုထဲကို ဝင်သွားပါတော့တယ် ။တစ်ဖက်မှာလည်း သူငယ်ချင်းဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီးနောက် မိသားစုဝင်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ Baek Jin Ju (Nam Sang Ji)ကလည်း လက်စားချေဖို့အတွက် နာမည်အရင်းကိုပါ ဖုံးကွယ်ပြီး  ဘရန်းအကြံပေးအဖြစ်နဲ့ အာဒဲလ်လုပ်ငန်းစုထဲကို ဝင်ရောက်လာပါတော့တယ်။ဒီလိုနဲ့ပဲ သရုပ်မှန်ကို ဖုံးကွယ်ပြီး လက်စားချေဖို့ ရောက်လာကြတဲ့ အမျိုးသမီး နှစ်ဦး တွေ့ဆုံကာ မြွေမြွေချင်း ခြေမြင်သွားကြပြီး ပူးပေါင်း လက်စားချေသွားကြမလား...လက်စားချေတာ အောင်မြင်သွားမလား...ဆိုတာကို  အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော် ။