ဖုံးကွယ်မှုတွေ၊ စတေးမှု အနစ်နာခံမှု အချစ်အနမ်းအလွမ်းတွေနဲ့ လျှို့ဝှက်သည်းဖိုရုပ်သံစီးရီးကိုတင်ဆက်ပေးလိုက်ပါတယ်။အပိုင်းရှစ်ပိုင်းပါဝင်ပြီး အချစ်ခန်းတွေ ကြမ်းတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။စျေးဆိုင်တစ်ခုမှာ အမှတ်မထင်တွေ့ခဲ့ကြတဲ့ အိုလစ်ဗာနဲ့ စီယာရာ။နှစ်ယောက်လုံးမှာ ဖုံးကွယ်ထားကြတဲ့ အတိတ်ကဖြစ်ရပ်တွေ မုသားတွေနဲ့အတူပဲဘယ်သူဘယ်ဝါဆိုတဲ့ အမှန်တရားကိုပါ လိမ်ညာသိုဝှက်ထားကြပေမဲ့နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ကြတယ်ဆိုပါတော့။ဒီချစ်ခြင်းတရားကိုပဲ သွေးတိုးလာစမ်းတဲ့ လူတွေရယ်၊ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူေ×သလောင်းတစ်ခုရယ်အပြင်တစ်ယောက်အကြောင်းတစ်ယောက် အစစ်အမှန်ကို သိသွားကြတဲ့အခါ။သူတို့ချစ်ခြင်းတရား ဆက်တည်မြဲမလား။ ကြုံလာရတဲ့ ပြဿနာအရှုပ်အထွေးတွေကိုရောရှင်းလင်းရုန်းထွက်နိုင်ကြမလားဆိုတာ...။