ပတ္တရောင်ရဲသားဖြစ်တဲ့ ခရစ်ဟာ ညကင်းလှည့်ရင်း Command centre က လွှတ်တဲ့ ကေ့စ်မှန်သမျှကို သွားရောက်ဖြေရှင်းပေးရတဲ့ Responder တစ်ယောက်ပါ၊ ညဘက်ဆိုတဲ့အတိုင်း ကေ့စ်တွေကလည်း အိမ်နီးချင်းတွေ ရန်ဖြစ်တာအစ ယာဉ်မတော်တဆမှုအလယ် လုယက်ဓါးပြမှုနဲ့ လူသတ်မှုအဆုံး အကုန်ပါတာပေါ့ဒီလိုကေ့စ်မျိုးစုံကို ညတိုင်းအိပ်ရေးပျက်ခံ စိတ်ပင်ပန်းခံပြီး ဖြေရှင်းပေးရတဲ့ခရစ်တစ်ယောက် ကြာလာတော့ သူ့ရဲ့စိတ်မှာ ထိခိုက်လာတယ် ဒဏ်ဖြစ်လာတယ် စိတ်ပညာရှင်နဲ့ ဆွေးနွေးရတဲ့အခြေအနေဖြစ်လာတယ်၊ အရင်ကသိပ်သဘောကောင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သိပ်အဆင်ပြေခဲ့တဲ့ ခရစ်ဟာ အခုဆို လူသေမှုအခင်းနေရာမှာ သေသူစားခဲ့တဲ့ ဝက်ပေါင်ခြောက်ကို ထိုင်စားနေတဲ့အထိ သွေးအေးပြောင်းလဲသွားပါတယ်