မိသားစုအခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရင်း ဒေါင် အွမ့်နဲ့ မင့်တို့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ်ဟာ ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီသုံးယောက်ကြားမှာတော့ပ်ဆိုတဲ့နှင်းဆီတစ်ခိုင်ဝင်လာတဲ့အခါမှာတော့ အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။တော့ပ်အချစ်ကို ရယူဖို့ အပြိုင်အဆိုင်ကြိုးစားရင်း သူတို့ကြားမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့ပါတော့တယ်။သူငယ်ချင်းသံယောဇဉ်ကို ထိန်းသိမ်းဖို့ကြိုးစားမှုတွေဟာ အရာမထင်ခဲ့ဘဲ ပြိုင်ဆိုင်ငြင်းခုံကြရင်း သူငယ်ချင်းသုံးယောက်ထဲကတစ်ယောက်ဟာမမျှော်လင့်ပဲ သေဆုံးသွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ အာဃာတတွေနဲ့ ဒေါသအမုန်းမီးတွေကြောင့် သူတို့သုံးယောက်ရဲ့သံယောဇဉ်တွေပျက်ဆီးပြီး ဘယ်လိုလောင်ကျွမ်း ပြာကျသွားမလဲဆိုတာကို “ မီးဝိုင်းကြားကနှင်းဆီနီ"ဇာတ်ကားမှာပဲဆက်လက်ကြည့်ရှုရအောင်ပါ...