ဝန်မ်နင်ဆိုတဲ့ ကောင်မလေးဟာ စူပါစတားတစ်ယောက်ဖြစ်လာဖို့ ဘာမဆိုလုပ်ဖို့ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဝန်ပဝီဆိုတဲ့ ကောင်မလေးကတော့ အောင်မြင်မှုတွေအကြီးအကျယ်ရခဲ့ပေမဲ့ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ရင်း အဆင်မပြေမှုတွေ ဖြစ်ခဲ့လို့ အရာအားလုံးကို စွန့်ခွာပြီး ထွက်ပြေးချင်နေတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်တစ်နေ့မှာတော့ သူတို့နှစ်ယောက်လုံးဟာ အိမ်တစ်အိမ်မှာပဲ အိမ်အသစ်ပြောင်းလာသူနဲ့ အဲဒီအိမ်ကနေ လုံးဝမထွက်ပေးနိုင်သူတို့အဖြစ် ဆုံတွေ့ခဲ့ပြီး အချင်းချင်းအငြင်းပွားရာကနေတစ်အိမ်ထဲမှာအတူတူနေဖို့ဖြစ်လာကြတဲ့အခါ.............အောင်မြင်မှုကို အရမ်းမက်မောနေတဲ့သူနဲ့ အောင်မြင်မှုကို ကျောခိုင်းချင်နေတဲ့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ဘယ်လိုတွေ ဖြစ်လာမလဲ............သူတို့ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝပြီး အဆင်ပြေသွားနိုင်မလား........... ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ စောင့်ကြည့်လိုက်ကြရအောင်နော်