လုပ်ငန်းခွင်ထဲက အတွေ့အကြုံနုနယ်သေးတဲ့ ဝန်ထမ်းအသစ်လေး ဝမ်ချွေဟွာဟာ မထင်မှတ်ဘဲ ဝတ္ထုကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ သူ့လိုပဲ တခြားကမ္ဘာကနေကူးပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်တဲ့ ကျန်းဆန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းဆန်းကတော့ သာမန်လူမဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကတည်းကအချိန်အခါကောင်းကိုစောင့်ဆိုင်းရင်း အစွမ်းအစတွေကိုဖုံးကွယ်ထားတဲ့ "လျှို့ဝှက်ဘုရင်" တစ်ပါး ဖြစ်နေပါတယ်။တစ်ယောက်က ကံကြမ္မာကို ရုန်းကန်ကျော်ဖြတ်ချင်သူ၊ နောက်တစ်ယောက်ကတော့ ဟန်ဆောင်မှုတွေရဲ့နောက်ကွယ်မှာ အင်အားတွေကို ဖုံးကွယ်ထားသူ...သူတို့နှစ်ဦးဟာ ဒီဝတ္ထုကမ္ဘာထဲမှာ အသက်ရှင်သန်နိုင်ဖို့အတွက် အင်အားချင်းပူးပေါင်းခဲ့ကြပါတယ်။ လှည့်ကွက်တွေနဲ့သစ္စာဖောက်မှုတွေကြားမှာ ရန်သူတွေကို ရင်ဆိုင်ရရုံတင်မကဘဲသူတို့နှစ်ဦးထဲကတစ်ယောက်ဟာ သူတို့ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ သာယာဝပြောတဲ့ကမ္ဘာသစ်ကြီးကို မြင်တွေ့ခွင့်ရမှာမဟုတ်ဘူး" ဆိုတဲ့ ရက်စက်လွန်းလှတဲ့နိမိတ်ဖတ်ချက်ကိုလည်းရင်ဆိုင်ကျော်ဖြတ်ကြရမှာပါ။ဇာတ်လမ်းက ကမ္ဘာကူးတာကိုမှ ဟာသအလွဲတွေအပြင် အလွမ်းလေးပါ ရောနှောထားတဲ့ပုံစံမျိုးဆိုတော့ တကယ်ကို ရင်ခုန်စရာကောင်းမှာအသေအချာပါပဲ။ ရသစုံရှိုးထက်ကို စုံလင်လှတဲ့ Cdrama ကောင်းတစ်ခုကိုရှာနေရင် ဒီစီးရီးလေးက လူကြီးမင်းတို့အတွက်ပါပဲနော်...!