Bloody Flower 블러디 플라워 FHD

Bloody Flower 블러디 플라워

Crime FHD 2026-02-04 8.3

ဆေးကျောင်းထွက် အီအူဂယောင်း (Ryeoun)ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပေမဲ့ ကုသလို့ မရနိုင်တဲ့ရောဂါတွေကိုတောင် ပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ထူးခြားတဲ့ဆေးပညာပါရမီရှင်တစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။ရှေ့နေဘတ်ဟန်ဂျွန်း (Sung Dong-il)ကတော့ ဦးနှောက်အကျိတ်ရောဂါကိုခံစားနေရတဲ့ သူ့ရဲ့သမီးလေးကို ကုသပေးနိုင်ဖို့အတွက် အီအူဂယောင်းကို အစွမ်းကုန်ကာကွယ်ပေးချင်နေသူပါ။အမှုစစ်ချာအီယွန်း (Keum Sae Rok)ကတော့ မတရားသေဆုံးခဲ့ရတဲ့ နစ်နာသူတွေအတွက် အီအူဂယောင်းကို သေဒဏ်ပေးဖို့ကြိုးစားနေသူပဲဖြစ်ပါတယ်။ဒါကြောင့် ကိုယ်စီဇာတ်လမ်းတွေနဲ့ ဒီလူ၃ယောက်ကြားက တင်းမာမှုတွေက ဘယ်လိုရှေ့ဆက်ဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့သည်းထိတ်ရင်ဖို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော် ..(သွေးထွက်သံယိုများ ပါဝင်သောကြောင့် ကြောက်ရွံ့တတ်သူများ၊ နှလုံးရောဂါရှိသူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါ)