လူအများ ကြည်ညိုလေးစားကြတဲ့ စီရင်စုအမတ်မင်း ဟော့ကျုံးရန်ဟာ နန်းတော်ကို သွားရောက်ဂါရဝပြုပြီးနောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်ထက်မြက်ပြီးအရည်အချင်းရှိလှတဲ့ သမီးဖြစ်သူ ဟော့ရှန်းကျိုက ဖခင်ဖြစ်သူကိုရှာဖွေဖို့ အောက်ခြေသိမ်းအစေခံတစ်ဦးအဖြစ်ဟန်ဆောင်ကာ နန်းတော်ထဲဝင်ရောက်ခဲ့ပါတယ်။အဲလိုရှာဖွေစုံစမ်းရင်း တန်ခိုးအာဏာကြီးမားတဲ့ မြေခွေးမိစ္ဆာ ဖုန်းမော့ချန်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်။ သူတို့နှစ်ဦး အတူတကွပူးပေါင်းပြီး နက်နဲလှတဲ့လျှို့ဝှက်ချက်ပဟေဠိတွေကို ဖော်ထုတ်ရင်းတဖြည်းဖြည်းနဲ့ တစ်ဦးပေါ်တစ်ဦး နက်နက်ရှိုင်းရှိုင်းသံယောဇဉ်တွယ်ကာ ချစ်ကျွမ်းဝင်သွားကြပါတယ်။မိစ္ဆာနဲ့လူသားတို့ရဲ့ချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ ဖခင်ကိုရော ရှာတွေ့မှာလား။ ဟော့ကျုံးရန်ရဲ့ပျောက်ဆုံးမှုက ဖုန်းမော့ချန်နဲ့ ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို သိချင်၊ ကြည့်ချင်၊အဖြေရှာချင်ရင်တော့ ဒီစီးရီးကို ကြည့်မှရပါမယ်နော်...!