ဂုံဂျူအာ (Jin Se Yeon) ဟာ မိခင်ဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် ဆရာဝန်ဘွဲ့ရရှိခဲ့ပေမဲ့ ဆရာဝန်အလုပ်ကိုစွန့်လွှတ်ကာ သူမ အမှန်တကယ်ဝါသနာပါတဲ့ အဝတ်အထည် ဒီဇိုင်နာလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့သူပါ။ ယန်ဟျွန်းဘင်း (Park Ki Woong)ကတော့ ထယ်ဟန်လုပ်ငန်းစုရဲ့ ဖက်ရှင်ဌာနခွဲမှာ အထွေထွေမန်နေဂျာဖြစ်သလို စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ဖက်ရှင်ရေစီးကြောင်းတွေမှာ အတွေ့အကြုံရင့်ကျက်သူတစ်ဦးလည်းဖြစ်ပါတယ်။တစ်နေ့မှာ မထင်မှတ်ထားတဲ့အခြေအနေတစ်ခုကြောင့် ဂျူအာဟာ ဟျွန်းဘင်းရဲ့လက်အောက်မှာ အလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ ငယ်စဉ်ကအချစ်ဦးတွေဖြစ်ခဲ့ကြပေမဲ့ မိသားစု၂စုကြားက အာဃာတတွေကြောင့် ဝေးကွာခဲ့ရတဲ့ သူတို့နှစ်ယောက် အလုပ်ခွင်မှာ ပြန်ဆုံတွေ့တဲ့အချိန်မှာတော့ ဟျွန်းဘင်းဟာ သူတို့နှစ်ဦးက ခွဲမရတဲ့ ကံပါလာတဲ့သူတွေလို့ယုံကြည်သွားပြီး လေးနက်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ဒါကြောင့် ဟျွန်းဘင်းတစ်ယောက် မိသားစုနှစ်စုရဲ့ နှစ် ၃၀ ကြာရန်ငြိုးတွေကိုရင်ဆိုင်ပြီး တစ်မိသားစုတည်းအဖြစ်ပေါင်းစည်းနိုင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။