The Guilty 有罪之身 FHD

The Guilty 有罪之身

Crime Drama FHD 2026-01-28 8.3

အရှုပ်တော်ပုံတွေ၊ တုန်လှုပ်ချောက်ချားစရာ လူသတ်မှုတစ်ခုနဲ့ ထူးဆန်းတဲ့သတ္တုတွင်းမတော်တဆမှုတွေပြည့်နှက်နေတဲ့ မြို့လေးတစ်မြို့မှာ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေကြောင့်မသက်ဆိုင်သလိုထင်ရတဲ့အမှု ၃ ခုဟာ တစ်ခုနဲ့တစ်ခုဆက်နွယ်သွားခဲ့ပါတယ်။ ၁၈ နှစ်ကြာစုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ ဒီအမှုတွေရဲ့နောက်ကွယ်ကအံ့သြတုန်လှုပ်ဖွယ်ရာလျှို့ဝှက်ချက်တွေ ပေါ်ထွက်လာခဲ့ပါတော့တယ်။ဝါရင့်ပြီးပါးနပ်တဲ့ စုံထောက်ကြီးတစ်ယောက်၊ အပြစ်ရှိစိတ်တွေ ထမ်းပိုးထားရတဲ့ အလားအလာရှိတဲ့တက္ကသိုလ်ကျောင်းသား ၃ ယောက်နဲ့ အပြင်ပန်းကြည့်ကောင်းသလောက် နောက်ကွယ်မှာပြစ်မှုပေါင်းများစွာကိုဖုံးကွယ်ထားတဲ့ ကျောက်မီးသွေးတွင်းပိုင်ရှင်တို့ဟာ ဒီအမှု ၃ ခုမှာ ငြိစွန်းပါဝင်နေပါတယ်။ လူမှုပတ်ဝန်းကျင်မတူညီတဲ့ဒီလူ ၃ စုဟာ လူသတ်မှုတစ်ခုကြောင့်ထိပ်တိုက်တွေ့ဆုံကြရပြီး ဉာဏ်ပညာနဲ့သတ္တိတွေကို အားပြိုင်ကြတဲ့အခါမှာတော့... နောက်ကွယ်က တကယ့်ကြိုးကိုင်သူအစစ်က ဘယ်သူဖြစ်မလဲဆိုတာသိချင်ရင်၊ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရင်း ဦးနှောက်စားချင်ရင်တော့ ဒီစီးရီးလေးက C drama fan တို့အတွက်လုံးဝကွက်တိပါပဲ။