"ထုန်းကဘူပန်"ဆိုတဲ့ရွာလေးမှာ တရားမဝင်မြေကွက်ဝယ်ယူမှုတွေဖြစ်လာတဲ့အခါ ဖလွယ်ဆိုတဲ့ရွာသူလေးက ရွာကိုကာကွယ်ပေးဖို့နဲ့ သူမချစ်တဲ့ ကျွဲမွေးမြူရေးအလုပ်ကိုကာကွယ်ပေးဖို့ကြိုးစားပါတော့တယ်။ ဒီလိုကြိုးစားနေရာက ရွာကိုအသစ်ရောက်ရှိလာတဲ့ ခရိုင်မှူးအသစ်လေးကိုတရားမဝင်မြေဝယ်မှုနဲ့ သံသယရှိနေတာကြောင့် ဟန်ဆောင်လက်ထပ်ဖို့အထိ ဖြစ်လာပါတယ်။အမှန်တကယ်လက်ထပ်ပြီးသွားတဲ့အချိန်မှာတော့ ပါးစပ်ပေါက်ဆိုးလှတဲ့ ယောက္ခရဲ့ဒဏ်တွေကို အလူးအလဲခံရပါတော့တယ်။ ဒီလိုနဲ့ သူတို့၂ဦးကြား ချစ်ခြင်းမေတ္တာတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ ဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်တာမို့ စောင့်မျှော်ကြည့်ရှုကြပါဦး