လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က သမိုင်းဝင်အလှည့်အပြောင်းကြီးတစ်ခုကြောင့် မင်းဆက်ငါးဆက်နဲ့ဆယ်ပြည်ထောင်ဟာ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ အဲလိုမျိုး ပြည်သူတွေဒုက္ခပင်လယ်ဝေနေချိန် ခေတ်ပျက်ကြီးထဲမှာ ချန်ဟုန်ချူး၊ ကျောက်ခွမ်းယင်နဲ့ကောရုန်ဆိုတဲ့ ရည်မှန်းချက်ကြီးလှတဲ့လူငယ်သုံးဦးဟာ သူတို့ရဲ့အတွေ့အကြုံတွေကနေတစ်ဆင့်တိုင်းပြည်ပြိုကွဲမှုရဲ့ဆိုးကျိုးတွေ၊ တည်ငြိမ်အေးချမ်းမှုရဲ့ အဓိပ္ပာယ်တွေကို စတင်မေးခွန်းထုတ်လာကြပါတယ်။အာဏာစက်အပြောင်းအလဲဖြစ်နေတဲ့ခေတ်ကြီးထဲမှာ ချန်ဟုန်ချူးက ဝူယွဲ့ ပြည်ကိုအုပ်ချုပ်ပြီး ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူလိုက်ပါတယ်။ တစ်ဖက်မှာလည်း ကျောက်ခွမ်းယင်က ခေတ်ပျက်ထဲမှ မပြီးဆုံးသေးတဲ့ မျှော်လင့်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ စည်းကမ်းစနစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကနေတစ်ဆင့်အမိန့်အာဏာတည်မြဲရေးအတွက် ကြိုးပမ်းနေပါတယ်။ သူတို့ရဲ့ခရီးလမ်းဟာ အဆုံးမဲ့စစ်ပွဲတွေအလွန်မှာ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပိုမိုတည်ငြိမ်တဲ့လောကတစ်ခုကိုတည်ဆောက်နိုင်မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ လုံးဝလက်မလွှတ်ကြပါနဲ့ဗျို့...!