Secret by My Name 叫作你的秘密 FHD

Secret by My Name 叫作你的秘密

Drama FHD 2026-01-12 8.3

ထန်ကျန့်ဖေးဟာ မိသားစုပိုင်ကုမ္ပဏီကို ဆက်ခံပြီးတဲ့နောက်မှာတော့ ရည်စားဟောင်း လီရှူးကျင့်နဲ့ လုပ်ငန်းခွင်အတွင်း အာဏာလုပွဲတစ်ခုမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုအားပြိုင်ရင်းနဲ့ သူတို့နှစ်ဦးကြားက အတိတ်က သံယောဇဉ်ဟောင်းတွေဟာလည်းပြန်လည်နိုးထလာခဲ့ပါတယ်။ဒါပေမဲ့ ထန်ကျန့်ဖေး မသိတာတစ်ခုကတော့ လီရှူးကျင့်ဟာ အဖေဖြစ်သူ သေဆုံးခဲ့ရတဲ့ နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်ဖို့အတွက် တစ်ကျော့ပြန်ရောက်လာခဲ့တာပါပဲ။ ဒီလိုနဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းဟာ ချစ်ခြင်းနဲ့ကလဲ့စားချေခြင်းတွေရောယှက်နေတဲ့ အန္တရာယ်များတဲ့ကစားပွဲတစ်ခု ဖြစ်လာပါတော့တယ်။ကလဲ့စားချေရင်း ချစ်မိရာကနေ အချစ်က အရာရာကိုအောင်နိုင်သွားမှာလားဆိုတာကိုတော့ အချစ်တွေ၊ အထိအရှတွေကြားကနေ ရင်ခုန်စွာစောင့်မျှော်အားပေးလိုက်ကြပါဦးနော်။