Agatha Christie's Seven Dials FHD

Agatha Christie's Seven Dials

Drama Mystery FHD 2026-01-15 6

စုံထောက်ဝတ္ထုအများအပြားကို ရေးသားခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာမကြီး အာဂါသာခရစ်စတီရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ နက်ဖလစ်ရဲ့ အသစ်ထွက်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းဟာ အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်စံအိမ်ကြီးတစ်ခုမှာ စတင်ပါတယ်။ အဲဒီစံအိမ်ကြီးမှာ အပျော်အပါးမက်တဲ့ စီးပွားရေးသမားတွေအတွက် ပါတီပွဲတစ်ခု ကျင်းပနေခဲ့တာဖြစ်ပြီး ပါတီကိုလာတဲ့ဧည့်သည်တွေထဲက လူငယ်တစ်စုဟာ သူငယ်ချင်းဖြစ်သူ ဂျယ်ရီကို နောက်ပြောင်ဖို့ စီစဉ်ကြပါတယ်။ သူတို့က ဂျယ်ရီ့ အိပ်ရာဘေးမှာ နှိုးစက်နာရီ ၈ လုံးကို တစ်ချိန်တည်းမြည်အောင် စီစဉ်ထားခဲ့ပေမယ့် နောက်တစ်နေ့ မနက်မှာတော့ ဂျယ်ရီဟာ နိုးမလာတော့ဘဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ထူးခြားတာက နှိုးစက်နာရီ ၈ လုံးထဲက တစ်လုံးဟာ ပျောက်ဆုံးနေပြီး ကျန်တဲ့ ၇ လုံးကတော့ မီးဖိုပေါ်မှာ စီတန်းလျက်သား ရှိနေတာပါ။ ဒါဟာ မတော်တဆမှုလား၊လူသတ်မှုလားဆိုတာ ဝေခွဲမရဖြစ်နေချိန်မှာ စံအိမ်ရဲ့ပိုင်ရှင်ဖြစ်တဲ့ ဘန်းဒယ်လ်ဆိုတဲ့ သတ္တိခဲ မိန်းကလေးက အဖြစ်မှန်ကိုသိရဖို့အတွက် ဒီနက်နဲတဲ့ ပဟေဠိကို စတင်အဖြေရှာပါတော့တယ်။

အပိုင်းများ

Season - 1