Hard Nights คืนนี้ผมนอนไม่หลับ FHD

Hard Nights คืนนี้ผมนอนไม่หลับ

Drama FHD 2026-01-11 8.3

''Hard Nights'' ဆိုတဲ့ ဇာတ်ကားလေးက Thai PBSကနေ BLကားကိုမှ ထူးထူးခြားခြား အသက်၅၀ ဝန်းကျင်အရွယ် အချစ်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ဒီကားလေးထဲမှာ ကာတွန်းရေးဆရာ အွန့်နဲ့ စီနီယာ မားကတ်တင်း ကျီရာ့တို့က ချစ်သူသက်တမ်း ၇နှစ်ပြည့်ခါနီးပြီဖြစ်တဲ့ BLစုံတွဲလေးပါ ၇နှစ်ပြည့် နှစ်ပတ်လည်မရောက်ခင် အွန့်ကအချစ်ရေးရာ ဗေဒင်သွားမေးတော့ ''ချစ်သူစုံတွဲ အများစုပြတ်စဲကြတဲ့ ၇နှစ်ကျိန်စာ''ကြောင့် လမ်းခွဲရဖို့ရှိတယ်လို့ပြောလိုက်တဲ့အခါမှာ အွန့်တစ်ယောက် ညအိပ်မပျော်နိုင်ဖြစ်သွားရပါတယ်။တဖက်မှာ ကျီရာ့ကလည်း အလုပ်ထူးချွန်သူဖြစ်တာကြောင့် စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံလာရတာမို့ အချစ်နဲ့ အနာဂတ်ကြား ရွေးချယ်ရမယ့် အခြေအနေကို ရောက်ရှိလာပါတယ်။ဒီလိုနဲ့ အွန့်နဲ့ ကျီရာ့တို့ရဲ့ အချစ်က ကံကြမ္မာကပေးလာတဲ့ ၇နှစ်ကျိန်စာကို ကျော်လွှားသွားနိုင်မှာလား အချိန်ကြာလာတဲ့အချစ်တစ်ခုကို ယုံကြည်မှုနဲ့ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်အပြင် အချစ်အကြောင်း သဘောပေါက်သွားစေမယ့်၊ ရင်ထဲနွေးထွေးသွားစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။