The Dream Maker 小城大事 FHD

The Dream Maker 小城大事

Drama FHD 2026-01-10 8.3

၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလမှာ ဖျင်ချွမ်းစီရင်စုဟာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ဖို့အတွက် "ယွဲ့ဟိုင်မြို့သစ်" ကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ထူးချွန်တဲ့စွမ်းဆောင်ရည်နဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့ လီချိုးဖျင်နဲ့ ကျန်းသယ့်ချန်းတို့ ကေဒါနှစ်ဦးဟာ "ပြည်သူ့မြို့တော်ကို ပြည်သူကိုယ်တိုင် တည်ဆောက်သည်" ဟူသောမူဝါဒကိုကိုင်စွဲခဲ့ကြသူ‌တွေပါ။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒရဲ့အကူအညီ၊ ဗဟိုအစိုးရရဲ့အမှတ် (၁) စာချွန်လွှာတို့နဲ့အတူ ပြုပြင်ပြောင်းလဲရေးလမ်းစကို သူတို့ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲကနေရွှံ့နွံတောတွေပေါ်မှာ ခေတ်မီမြို့တော်တစ်ခုကို တည်ဆောက်နိုင်ဖို့ သူတို့ဟာ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတစ်ပြားတစ်ချပ်ကိုမှအသုံးမပြုဘဲ "ရန်ပုံငွေရှာဖွေခြင်းနှင့် အကျိုးတူပူးပေါင်းခြင်း"အစီအစဉ်ကနေ လယ်သမားထောင်ပေါင်းများစွာကို ဦးဆောင်စည်းရုံးနိုင်ခဲ့ပါတယ်။ဒါဟာ ဘာမှမရှိရာကနေ မြို့တစ်မြို့ကို တည်ဆောက်နိုင်ခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သလို တရုတ်နိုင်ငံရဲ့မြို့ပြတည်ဆောက်မှုသမိုင်းမှာလည်း ထူးခြားလွန်းတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့် လယ်သမားတို့ရဲ့ကံကြမ္မာကလဲ ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ လီချိုးဖျင်၊ ကျန်းသယ့်ချန်း၊ ကျဲချွင်လိုင်၊ ကောင်းရွှယ်မိန်နဲ့ အခြားသူတွေဟာ ရဲရဲဝံ့ဝံ့တွေးခေါ်ခြင်း၊လက်တွေ့အကောင်အထည်ဖော်ခြင်း၊ ရှေ့ဆောင်လမ်းပြဖြစ်ရန်ကြိုးပမ်းခြင်းတို့နဲ့အတူ တောက်ပလှတဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာခမ်းနားထည်ဝါတဲ့သမိုင်းစာမျက်နှာသစ်တစ်ခုကိုအတူတကွရေးထိုးမှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ဒီလိုဖြစ်ဖို့ရာကလည်းမလွယ်ကူတဲ့ခရီးလမ်းမို့ ခယောင်းတောခရီးလမ်းတစ်လျှောက် သူတို့တွေရင်ဆိုင်ကျော်ဖြတ်ခဲ့ရပုံ၊ ခက်ခဲခဲ့ပုံ၊ ပြဿနာတွေကို ထိပ်တိုက်ဖြေရှင်းခဲ့ပုံတွေအပြင် ၁၉၈၀ပြည့်နှစ်က တရုတ်ပြည်ရဲ့လူနေမှုအဆင့်အတန်းတွေကိုပါ ‌အသေးစိတ်ကျကျရိုက်ကူးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်၊ ဘဝအရသာပြည့်ပြည့်လိုမျိုး C drama ကိုရှာနေရင်တော့ ဒီစီးရီးကပရိသတ်တို့အတွက်ပါပဲနော်...!