ဂင်ဟာယောင်း (Ahn Sol-Bin) က မကြာခဏ အိမ်ပြောင်းရလေ့ရှိတာကြောင့် လူတွေနဲ့ ရင်းရင်းနှီးနှီး မပတ်သက်တတ်တဲ့ဘဝနဲ့ နေသားကျနေသူပါ။ဒါပေမဲ့ အီဟီဝန်း (Yim So-Yoon) နဲ့ ဆုံပြီးနောက်မှာတော့ ဟာယောင်းဟာ ပထမဆုံးအနေနဲ့ စိတ်တံခါးဖွင့်ပေးဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လူကြီးဖြစ်လာရင် နှစ်ယောက်အတူလုပ်မဲ့ အရာတွေကို ကတိပြုထားတဲ့ "ထာဝရမှတ်တမ်း" စာအုပ်လေးကို ရေးသားခဲ့ကြပေမဲ့ ဟီဝန်းကတော့ အဲဒီကတိကို မတည်နိုင်ခဲ့သလို ထာဝရမှတ်တမ်း စာအုပ်ဟာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။အဲဒီနောက်မှာ ဟာယောင်းရဲ့ အချိန်တွေလည်း ရပ်တန့်သွားခဲ့ပြီး ဟီဝန်းနဲ့ အတူသွားနေကျ ကဖေးရဲ့ ထပ်ခိုးလေးထဲမှာပဲ သူ့ကိုယ်သူ ပိတ်လှောင်ထားရင်း နေလာခဲ့တာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ထာဝရမှတ်တမ်းစာအုပ်ကို ကိုင်ဆောင်ထားတဲ့ အီဒိုအွန်း (Heo Won-Seo) ဆိုသူက ဟာယောင်းရှေ့မှာ ပေါ်လာပြီး မှတ်တမ်းထဲက အရာတွေကို အတူလုပ်ကြမယ်လို့ တောင်းဆိုလာတဲ့အခါမှာတော့...ဒိုအွန်းနဲ့ ဆုံတွေ့ပြီးနောက် ရပ်တန့်နေခဲ့တဲ့ ဟာယောင်းရဲ့အချိန်တွေက ပြန်လည် ရွေ့လျားလာနိုင်မလား....ထာဝရမှတ်တမ်းက ဟာယောင်းနဲ့ ဒိုအွန်းတို့ကို ဆက်နွယ်ပေးနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။