ရှောင်ကျစ်ယွီနဲ့ဟူရှို့တို့ဟာ လူသတ်မှုဖော်ထုတ်တဲ့ဂိမ်းတစ်ခုမှာ ပထမဆုံးစတင်ဆုံတွေ့ခဲ့ကြပါတယ်။ ဂိမ်းထဲမှာ သူတို့နှစ်ဦးဟာ တရုတ်သမ္မတနိုင်ငံခေတ်ဦးနောက်ခံဇာတ်အိမ်တွေဖန်တီးပြီးကိုယ်ပိုင်အမည်အရင်းတွေကို ဖျောက်ဖျက်ထားကြကာ လုပ်ကြံဇာတ်လမ်းတွေအတိုင်းသရုပ်ဆောင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဘဝအစစ်အမှန်အကြောင်းစပ်စုချင်စိတ်တွေဖြစ်ပေါ်လာခဲ့ကြပါတယ်။ကံကြမ္မာရဲ့ဖန်တီးမှုကြောင့်ပဲဆိုရလေမလား၊ သူတို့နှစ်ဦးဟာ ပြင်ပကမ္ဘာမှာလည်း တကယ်ဆုံတွေ့ခဲ့ကြပြန်ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ဇာတ်လမ်းဟာ ဇာတ်အိမ်နှစ်ခုအဖြစ်ခွဲထွက်သွားပါတော့တယ်။ တစ်ခုက ဂိမ်းထဲက လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းဖြစ်ပြီး နောက်တစ်ခုကတော့ သူတို့ရဲ့ပြင်ပဘဝက တကယ့်ဆုံတွေ့မှုတွေပါပဲ။ဒီလိုစိတ်ကူးယဉ်ကမ္ဘာနဲ့လက်ရှိဘဝတွေ ရောထွေးနေတဲ့ကြားမှာ တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ခံစားချက်တွေရှိနေမှန်း နားလည်သဘောပေါက်လာကြပါတယ်။ ကဲ ဒါဆိုရင်တစ်ယောက်အကြောင်း တစ်ယောက်ရှာဖွေတွေ့ရှိသွားပြီး ပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်လေးကို နှစ်ဦးသား ပိုင်ဆိုင်နိုင်ကြမှာလားဆိုတာကိုတော့အတူစီးမျောခံစားကြည့်ရှုလိုက်ကြပါဦးနော်...။