လိုကီမင်းသားကြီး နဲ့ ဒေါက်တာဟောက်စ်မင်းသားကြီးတို့ ပါတဲ့ စုံထောက်စပိုင် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ကိုင်ရိုမြို့က ဇိမ်ခံဟိုတယ်တစ်ခုမှာ Jonathan Pine က night manager အဖြစ် အလုပ်လုပ်နေပါတယ်။ ဧည့်သည်တွေ အိပ်နေတဲ့အချိန်၊ သူကတော့ အားလုံးကို စောင့်ကြည့်နေရတဲ့ လူ။အဲဒီညမှာပဲ အခြေအနေမမှန်တဲ့ မိန်းကလေးတစ်ယောက်အကူအညီတောင်းလာတယ်။ဒီဟာတွေကို…မယုံရတဲ့လူတွေကို မပေးပါနဲ့…” တဲ့သူပေးလာတဲ့ စာရွက်တွေက သာမန်ကိစ္စ မဟုတ်တာကို Pine ချက်ချင်းသိလိုက်တယ်။ ဒါပေမယ့် ဒီလိုအရာတွေကို ပါဝင်ပတ်သက်သင့်လား၊ မသင့်လားဆိုတာဆုံးဖြတ်ရခက်နေတယ်။ အခြားဖက်မှာတော့ အင်္ဂလန်ဘက်က လျှို့ဝှက်အေဂျင်စီတစ်ခုက နိုင်ငံတကာအဆင့် အန္တရာယ်ကြီးတဲ့ လူတစ်ယောက်ကိုစောင့်ကြည့်နေပြီး ပိုင်းလည်း မထင်မှတ်ဘဲ ဒီအရှုပ်တော်ပုံကြီးထဲမှာပါသွားပါတော့တယ်။