Echo 3 FHD

Echo 3

Drama Action & Adventure FHD 2022-11-22 8.7

(Ongoing Series)Apple Tv+ က ဖြစ်တာမို့ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာသလို ဘတ်ဂျက်လည်း ထိုက်သင့်သလောက် အသုံးပြုထားတာမို့ အထူးပြုလုပ်ချက်တွေ၊ ဆက်တင်တွေဟာ ကြည့်လို့ကောင်းပါတယ်။ အမ်ဘာဟာ စွဲလန်းစိတ်ကို သုတေသနပြုလုပ်နေတဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ အမ်ဘာ့မှာ အဲလက်စ်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်။ အဲလက်စ်ဟာဆိုရင် အမေရိကန်စစ်တပ်က စစ်သားဖြစ်ပြီးတော့ အမ်ဘာ့ရဲ့ ယောကျ်ားဖြစ်သူ ပရင့် ဟာလည်း အဲလက်စ်နဲ့ တပ်ဖွဲ့အတူတူမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ။ အမ်ဘာဟာ သူ့ရဲ့ သုတေသနအတွက် ကိုလံဘီယာနဲ့ ဗင်နီဇွဲလား နယ်စပ်ကို ခရီးထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေခံ ပျောက်ကြားတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အမ်ဘာဟာ ကျောင်းစရိတ်ရအောင်လို့ စီအိုင်အေအတွက် အလုပ်လုပ်ပေးနေခဲ့ပါတယ်။ စစ်ကားကြိုက်သူတွေ အက်ရှင် ကြိုက်သူတွေ အချိန်ပေးကြည့်သင့်တယ်လို့ အကြံပေးလိုက်ချင်ပါတယ်။