အိမ်ကနေ ထွက်ပြေးလာတဲ့ သားအမိ ၂ယောက်ဖြစ်တဲ့ အယ်လ်ဘာ (Ava Baya) နဲ့ သူမရဲ့သား လီယို (Max Harter) တို့ဟာ ပိုက်ဆံပြတ်သွားလို့ နှင်းဆီပန်းစိုက်ခင်းတစ်ခုမှာ ပန်းခူးသမအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး နောက်တစ်ရက်မှာပဲ စိုက်ခင်းပိုင်ရှင် အာနော (Thibault de Montalembert)အသတ်ခံရပြီး သေတမ်းစာအရ အယ်လ်ဘာ့ကို တိတ်တိတ်ပုန်းသမီးအနေနဲ့အမွေ လေးပုံတစ်ပုံ ပေးခဲ့ကြောင်း သိလိုက်ရပါတယ်။ ဒီလောက်တိုက်တိုက်ဆိုင်ဆိုင်ရောက်လာပြီး ရာဇဝတ်မှုမကင်းရှင်းတဲ့ အယ်လ်ဘာကို အာနောရဲ့ ဇနီး ဘီယယ်ထရစ် (Isabelle Adjani၊ သားနဲ့ သမီးဖြစ်သူ မတ်သယူး (Louise Coldefy) နဲ့ လူစီ (Guillaume Gouix) တို့က ဘယ်လို သဘောထားကြမလဲ၊ အယ်လ်ဘာ ရောက်လာတာကရော တကယ်ပဲ ရိုးရှင်းရဲ့လား၊နောက်ကွယ်ကနေ တိတ်တဆိတ်ပူးပေါင်းကြံစည်မှုတွေကြားမှာ ဘယ်လို အသက်လုကြမလဲဆိုတာကို ရှုစားကြည့်ကြပါ။