လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတဲ့ ဟန်ကျိုးမှာ ရဲအရာရှိချင်းဖုန်းတို့ညီအစ်ကိုနှစ်ဦးဟာ အမှန်တရားရဲ့ဘက်တော်သားတွေအဖြစ် ရပ်တည်နေထိုင်ကြပါတယ်။ ဒါပေမဲ့ လောကကြီးကထင်သလောက်မရိုးရှင်းဘဲ ဖြောင့်မတ်လွန်းရင် အန္တရာယ်ကိုဖိတ်ခေါ်သလိုပဲမို့ သူတို့ညီအစ်ကိုလည်းအကျပ်အတည်းတွေနဲ့ တဖြည်းဖြည်းရင်ဆိုင်လာကြရပါတယ်။ ဒီလိုအကျပ်အတည်းတွေ၊မိသားစု၊ အာဏာနဲ့ တရားမျှတမှုတို့ကြားက ရှုပ်ထွေးလှတဲ့ဆက်ဆံရေးတွေနဲ့ ရင်ဆိုင်နေရတုန်းမှာပဲ သူတို့ရဲ့အသက်နဲ့ဘဝကို အန္တရာယ်ပြုလာမဲ့ဒုစရိုက်ကောင်တွေနဲ့ပါရင်ဆိုင်လာရချိန်မှာတော့...ဓမ္မက အဓမ္မကို အနိုင်ယူနိုင်မလား?ဖြောင့်မတ်လွန်းတာက တကယ်ပဲအန္တရာယ်ကိုဖိတ်ခေါ်စေခဲ့တာလား? အမှုတွေရဲ့နောက်ကွယ်ကလက်သည်ကရော တကယ်ပဲဘယ်သူလဲ...ဒီလိုစိတ်လှုပ်ရှားစရာအစုံစုံကို ရင်တမမနဲ့ကြည့်ရှုရမှာမို့ ဒီစီးရီးကိုလည်း အားပေးလိုက်ကြပါဦး ပရိသတ်ရေ...!