မိဘတွေ ကားမတော်တဆကြောင့် သေဆုံးသွားပြီးနောက် ပွန်းက အဒေါ်ဖြစ်သူတို့မိသားစုရဲ့ ခေါ်ယူမွေးစားထားခြင်းကို ခံခဲ့ရပါတယ်။ပိုင်ဆိုင်မှုမရှိတဲ့ မိဘမဲ့ကလေးဆိုပြီး ကြီးပြင်းလာခဲ့တဲ့ ပွန်းဟာ အဒေါ်တို့အပေါ် သိတတ်လိမ္မာမှုအပြည့်ရှိပြီး မောင်နှမဝမ်းကွဲတွေဖြစ်တဲ့ အစ်ကိုပူ၊အစ်မပန်းတို့နဲ့လည်းသင့်မြတ်စွာနေထိုင်ခဲ့ပါတယ်။အားလုံးနဲ့ လိုက်လျောညီထွေနေတတ်တဲ့ ပွန်းအတွက် ဘယ်လိုမှ အဆင်ပြေအောင် နေမပေးနိုင်တဲ့သူကတော့ အဒေါ့်ခင်ပွန်းဘက်က ဆွေမျိုးဝေးဖြစ်တဲ့ တစ်ကိုယ်ကောင်းဆန် မောက်မာတဲ့နိင်(န်) ဆိုတဲ့ သခင်လေးတစ်ယောက်ပါပဲငယ်ကတည်းက ပွန်းအပေါ် အနိုင်ယူလာခဲ့ရင်း နိင်(န်) တစ်ယောက် နိုင်ငံခြားပညာတော်သင်ထွက်သွားခဲ့ပါတယ်နှစ်တွေကြာလာချိန်မှာ ပွန်းတစ်ယောက်လည်း လှပတဲ့မိန်းမပျိုလေးဖြစ်လာပြီး မြို့က လူငယ်တွေကြား ရေပန်းစားလာနေချိန်မှာ ပျိုတိုင်းကြိုက်တဲ့ နိင်(န်) တစ်ယောက် ထိုင်းကိုပြန်ရောက်လာခဲ့ပါတော့တယ်နိင်(န်) နဲ့ပွန်းကြား အထင်လွဲစရာကိစ္စတွေ များလာချိန်မှာတော့.......လိုချင်တာဆို မရရအောင် ယူတတ်တဲ့ သခင်လေးနဲ့ဘာမှမပိုင်ဆိုင်ရင်တောင် မာနနဲ့သိက္ခာတော့ ပိုင်ဆိုင်သေးတယ်လို့ ယူဆထားတဲ့ မာနခဲလေး ပွန်းတို့....အချင်းချင်း မာနတွေလျှော့နိုင်လာကြပါ့မလား......အခက်အခဲ အတားအဆီးတွေ အထင်လွဲမှုများစွာကြားမှာ သူတို့နှစ်ယောက် ချစ်သွားနိုင်ပါ့မလားဆိုတာ “နှလုံးသားထဲက တစ်ဦးတည်းသောသူ” ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်.........