Shine on Me 骄阳似我 FHD

Shine on Me 骄阳似我

Drama FHD 2025-12-22 8.3

တက်ကြွတဲ့တက္ကသိုလ်ကျောင်းသူလေး နျဲ့ရှီကွမ်းက အပြင်လောကရဲ့စိန်ခေါ်မှု‌တွေကို စူးစမ်းရှာဖွေရင်း အလုပ်ခွင်ထဲရောက်ရှိလာပါတယ်။ တက္ကသိုလ်တက်တုန်းကစာအရမ်းတော်တဲ့ထိပ်တန်းကျောင်းသား ကျွမ်းရွှီကို စိတ်ထဲကနေကြိတ်မုန်းတီးခဲ့သူဆိုရင်လဲ မမှားပါဘူး။ ကံဆိုးတယ်ပဲဆိုရမလား သူ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလဲထက်မြက်ပြီးစီးပွားရေးအမြင်ရှိတဲ့ ခွဲစိတ်ဆရာဝန်ဟောင်း လင်ယွီစန်းဆိုသူနဲ့ ထပ်ဆုံရပြန်ပါတယ်။တစ်ဖက်မှာလည်း ကြီးမားတဲ့ယာဉ်မတော်တဆမှုကိုကြုံခဲ့ရတဲ့လင်ယွီစန်းဟာ ခွဲစိတ်ဆရာဝန်အလုပ်ကိုစွန့်လွှတ်ခဲ့ရသလို သူ့ဘဝရဲ့မျှော်လင့်ချက်ရောင်ခြည်ကလဲတဖြည်းဖြည်းမှေးမှိန်စပြုလာပါတယ်။ ဒါပေမဲ့ နွေးထွေးတောက်ပပြီးသွက်လက်တဲ့နျဲ့ရှီကွမ်းဟာ သူ့ဘဝရဲ့နေရောင်ခြည်နွေးနွေးလေး ဖြစ်မှန်းမသိဖြစ်လာခဲ့ချိန်မှာတော့.....အစပိုင်းမှာနားလည်မှုလွဲမှားခဲ့ကြပေမဲ့ နျဲ့ရှီကွမ်းရဲ့ခပ်နွေးနွေးချစ်မေတ္တာတွေကြောင့် လင်ယွီစန်းဟာလဲ ပျောက်ဆုံးနေတဲ့နွေးထွေးမှုကိုပြန်ရရှိသွားမလား? ယွီစန်းရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ရှီကွမ်းကလဲ အတိတ်ကနာကျင်စရာတွေထဲက ရုန်းထွက်နိုင်မှာလား??အသက်အရွယ်ကွာဟတဲ့နှစ်ဦးသားရဲ့ချစ်ခရီးက ဖယောင်းလမ်းလိုအမြဲချောမွေ့နေပါ့မလား??? ဒီလိုကလိလိဖြစ်စေတဲ့ခံစားချက်‌တွေနဲ့အတူ ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ဒီစီးရီးလေးကိုလဲ စောင့်မျှော်အားပေးလိုက်ပါအုံးနော်!